လုပ်ကြံသတ်ဖြတ်ရေးစစ်ဆင်ရေးတစ်ခုလုပ်နေရင်းနဲ့ ဖမ်းဆီးတာကိုခံခဲ့ရတဲ့ ဂဘိမာရုဟာ သေဒဏ်ပေးခံခဲ့ရပေမဲ့ သူ့ရဲ့သဘာဝလွန်အစွမ်းရှိတဲ့ခန္ဓာကိုယ်ကြောင့်သတ်မရဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ရှိုဂန်ကြီးအတွက် မသေဆေးရှိတယ်လို့နာမည်ကြီးနေတဲ့ကျွန်းပေါ်ကနေရှာပေးနိုင်မယ်ဆိုရင် အပြစ်အားလုံးကိုခွင့်လွှတ်ပေးမယ်လို့အပေးအယူလုပ်လာခဲ့တာကြောင့်အဆိုပါကျွန်းကြီးဆီကိုသွားရဖိူ့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂဘိမာရုမသိသေးတာက သူ့အရင်ကလည်း အဖွဲ့ငါးဖွဲ့စေလွှတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့တာကိုပါ။ ဒီလိုနဲ့ကျွန်းကြီးပေါ်ရောက်သွားချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေနဲ့တောက်လျောက်ကြုံရပါတော့တယ်။