လူတစ်ယောက်အကြောင်းကို အိတ်သွန်ဖာမှောက် ခရေစေ့တွင်းကျသိရဖို့“၁၇ နှစ်” ဆိုတဲ့အချိန်ကာလဟာ လုံလောက်လားလို့မေးရင်တော့ကျွန်တော်တို့တော်တော်များများက ပိုတောင်ပိုဦးမယ် လို့ ပြန်ဖြေကြမှာ အသေအချာပါ။ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီးမိုက်ကယ်လော်ဆန်လည်း ကျွန်တော်တို့လိုပဲ တွေးထင်ခဲ့သူတစ်ယောက်ပေါ့။ဒါပေမဲ့ လောကမှာ နားလည်ရအခက်ဆုံးနဲ့ အစိုးမရဆုံးအရာ၊ အပြောင်းအလဲလွယ်ဆုံးအရာဆိုတဲ့ဘွဲ့ထူးတွေတသီကြီးရထားတာ “လူတစ်ယောက်ရဲ့စိတ်သဘောထား” ဆိုတာကို သူမေ့လျော့နေခဲ့တဲ့အခါ…၁၇ နှစ်တာကာလပတ်သက်မှုတစ်ခုဟာ မျက်စိတစ်မှိတ်အတွင်းမှာ သစ်စိမ်းချိုးချိုးခံရပြီးနေ့ချင်းညချင်း Mr Perfect Boyfriend ကိုရထားတဲ့အတွက် ဂေးတိုင်းရဲ့စံပြပုဂ္ဂိုလ်ဘဝကနေနေ့ချင်းညချင်းပဲ အသက် ၅၀ နားကပ်နေတဲ့ Single Gayဘဝကို ရောက်သွားတဲ့အခါမှာတော့…