No Tail to Tell 오늘부터 인간입니다만 FHD

No Tail to Tell 오늘부터 인간입니다만

Comedy Sci-Fi & Fantasy FHD 2026-01-16 8.3

Eun Ho(Kim Hye Yoon) ဟာ ဆုတောင်းတွေကို ဖြည့်ပေးရတဲ့ အမြှီးကိုးချောင်း မြေခွေးမလေးဖြစ်ပြီး တခြားဂူမီဟိုတွေနဲ့ မတူဘဲ လုံးဝ လူသားဖြစ်မလာချင်တဲ့သူတစ်ဦးပါ။ မြိုဟျန်းတောင်မှာ မွေးဖွားလာခဲ့တဲ့ သူမဟာ နှစ်ပေါင်းများစွာကြာအောင် လူဖြစ်လာဖို့အတွက် လေ့ကျင့်ခဲ့ပေမဲ့လည်း .. နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို လူသားဖြစ်လာအောင် မလုပ်တော့ဖို့စိတ်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ်ချစ်စိတ် ပြင်းထန်ပေမဲ့ နွေးထွေးတဲ့ နှလုံးသားရှိတဲ့ Kang Shi-Yeol (Lomon) ကတော့ အရည်အချင်းပြည့်ဝတဲ့ ‌ဘောလုံးအားကစားသမားဖြစ်ပြီး သူ့ဘဝဟာ အံ့အားသင့်စရာဆိုတာထက် အသေးစိတ်သတ်မှတ်ထားတဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ပဲ ဟန်ချက်ညီညီ ပုံမှန်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဆုတောင်းတစ်ခုကြောင့် ..လူသားဖြစ်မလာချင်ခဲ့တဲ့ Eun Ho ဟာလည်း လူသားလုံးလုံးဖြစ်သွားခဲ့ရပြီး .. ဟန်ချက်ညီညီ လည်ပတ်နေတဲ့ Kang Shi-Yeol ရဲ့ ဘဝဟာလည်း ကမောက်ကမတွေ စဖြစ်လာရပါတော့တယ်။ မျှော်လင့်မထားခဲ့ရတဲ့ တွေ့ဆုံမှုမှာ အချင်းချင်း တွန်းလိုက် ဆွဲလိုက်၊ စကားနိုင်တွေ လုလိုက်ကြနဲ့ နှစ်ယောက်သားရဲ့ ကြားထဲမှာ သူတို့တောင် မသိလိုက်ခင် ပေါက်ဖွားလာကြမဲ့ အချစ်တွေကိုရယ်မောရင်းနဲ့  နစ်မြောကြည့်ရှုရမဲ့ ကားလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြပါဦးရှင်။