First Love 初恋 FHD

First Love 初恋

Drama FHD 2022-11-24 9.1

‘အချစ်ဦး’ တဲ့အချစ်ဦး ဆိုတာကို ဘယ်လို ခံယူထားကြလဲ။ကိုယ့်အနေနဲ့ ပြောရရင်တော့ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းတယ်။ဘဝမှာ ပထမဆုံးအနေနဲ့ အချစ်ဆိုတာကို သင်ကြားပေးခဲ့သူ၊ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ရွစိရွစိနဲ့ ထိုင်ရမလို ထရမလို ခံစားချက်မျိုးဖြစ်အောင် ပြုစားနိုင်သူလို့ ထင်တာပဲ။အဲဒီ အချစ်ဦးအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေ တစ်ပုံကြီး ရှိတဲ့အထဲကမှဇာတ်လမ်းတွဲကို စိတ်ကူးပုံပေါ်လာစေတာကတော့ဂျပန်-အမေရိကန်ကပြားအဆိုတော်မလေး ဟိခါရု အုတဒရဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ 初恋 (First Love) ဆိုတဲ့ သီချင်းလေးပါပဲ။ ဇာတ်လမ်းသွားအနေနဲ့ကတော့ ၂၀၀၀ ခုနှစ်အစောပိုင်းရဲ့ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့အတူသီချင်းထဲကလို ဆွေးဆွေးမြေ့မြေ့နဲ့ Sad Ending ဘက်ကို ဦးတည်နေတဲ့အပြင် ကြည့်နေရင်းနဲ့တိုက်ဆိုင်မှုတွေရှိခဲ့ရင် ကိုယ့်အချစ်ဦးကို သတိရသွားနိုင်တာမို့ မျက်ရည်ခိုင်ဖို့တော့ လိုပါမယ်။ပြီးတော့ သိထားသလောက်က စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တာတွေပဲများပြီးသီချင်းကို ပြန်ရိုက်တာက လက်ချိုးရေလို့ရအောင် ရှားတာကြောင့်ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။