၂၀၅၁ ခုနှစ်မှာ အာကာသစူးစမ်းလေ့လာရေးစက်ရုပ်တစ်ရုပ်ဟာ Star Y လို့ခေါ်တဲ့ ကမ္ဘာနဲ့တူတဲ့ဂြိုဟ်တစ်ခုရဲ့သမိုင်းကြောင်းတွေပါဝင်တဲ့ နက်နဲဆန်းကြယ်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီပစ္စည်းထဲမှာ နူးညံ့သိမ်မွေ့တဲ့မိန်းမငယ်လေး ဝူနုံယွီနဲ့ လူမှုပတ်ဝန်းကျင်ကနေ ခပ်ဝေးဝေးနေတတ်တဲ့ ရှဲ့ရှင်းရွှီတို့ကြားက ထူးခြားဆန်းပြားတဲ့သံယောဇဉ်အကြောင်းပါရှိနေပါတယ်။သူတို့နှစ်ဦးကို ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုက ဆုံစည်းပေးခဲ့ပြီး ၅ နှစ်အကြာမှာတော့ မျိုးဗီဇအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့လွန်တက်နေတဲ့ဝူနုံယွီဟာ ရှဲ့ရှင်းရွှီနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ရှဲ့ရှင်းရွှီဟာ ထက်မြက်သလောက် စိတ်ခံစားမှုကိုဦးစားမပေးဘဲ အေးစက်စက်အရိပ်အငွေ့နောက်ကွယ်မှာ နက်နဲတဲ့လျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားသူပါ။ဒါပေမဲ့ ကံကြမ္မာနဲ့သိပ္ပံတရားက သူတို့ကိုဆွဲငင်လိုက်တဲ့အခါ သူတို့ရဲ့ပတ်သက်မှုဟာ ဖြစ်နိုင်ခြေရှိတဲ့ယုတ္တိဗေဒတွေကိုကျော်လွန်သွားပြီး စွဲလမ်းမှု၊ နောင်တနဲ့အချစ်တို့ကြားကစည်းခြားထားမှုတွေကို ဝေဝါးသွားစေပါတယ်။ သူတို့နှစ်ဦးကြားက နားလည်ရခက်တဲ့ငြိတွယ်ဆွဲငင်မှု တွေနဲ့ မျိုးဗီဇဆိုင်ရာလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်းသိပ္ပံပညာလွှမ်းမိုးထားတဲ့လောကကြီးထဲမှာ လူသားဆန်မှုနဲ့အချစ်ရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကို ဘယ်လိုမျိုးရှာဖွေတွေ့ရှိသွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။