Single's Inferno 솔로지옥 FHD

Single's Inferno 솔로지옥

Comedy Reality Talk FHD 2021-12-18 7.623

Dating Show တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရထားတဲ့ Single's Inferno ကတော့ Season 5 နဲ့အတူ ပြန်လည်ရောက်ရှိလို့ လာပါပြီ။အရင် Seaon တွေကလိုပဲ ပါဝင်သူ စင်ဂယ်သမား ၁၂ ယောက်ဟာ ကျွန်းပေါ်မှာ နေပြီး အချင်းချင်းရင်းနှီးမှုတွေ ရယူပြီးတော့ အချစ်သင်္ကေတလေးများပေါက်ဖွားလာမလားဆိုတာကိုတခြား Dating Show တွေနဲ့ မတူဘဲ စိန်ခေါ်မှုတွေမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း Paradise နဲ့ Inferno ဆိုတဲ့နေရာနှစ်နေရာ ပါဝင်တဲ့အပြင် ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ စုံတွဲတွဲကာ inferno ဆိုတဲ့နေရာကနေ ထွက်ပြီး Paradise ဆိုတဲ့ နေရာမှာနေရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ... ဘယ်သူတွေဆီမှာ အချစ်ပန်းပွင့်လေးတွေ ပေါက်ဖွားလာမလဲ....ဆိုတာကိုတော့ အပတ်စဥ် အင်္ဂါနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။Season 5 ရဲ့ Panelist တွေအနေနဲ့ အရင် season တွေကလို Hong Jin Kyung, Lee Da Hee,Cho Kyu Hyun, Han Hae နဲ့ Dex တို့က ပါဝင်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။