တိဗက် - ချင်းဟိုင်လမ်းမကြီးစီမံကိန်းရဲ့အဖွဲ့ခေါင်းဆောင် ပိုင်ကောကန်းနဲ့ သူ့ဇနီး ကျန်းချင်ချင်တို့ဟာ လမ်းပျောက်နေတဲ့မိန်းကလေးငယ်လေးတစ်ဦးကိုမွေးစားခဲ့ပြီး သမီးအရင်းသဖွယ်စောင့်ရှောက်ခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံက အဲမိန်းမငယ်လေးကို ပိုင်ကျွီလို့ အမည်ပေးခဲ့ပါတယ်။ဂိုဘီသဲကန္တာရထဲမှာကြီးပြင်းလာခဲ့တဲ့ ပိုင်ကျွီဟာ ပိုင်မိသားစုရဲ့ကိုယ်ကျိုးမဖက်တဲ့ပေးဆပ်မှုတွေအပေါ် စိတ်လှုပ်ရှားလေးစားခဲ့သလို ဒီရိုးရှင်းတဲ့မြေကမ္ဘာကြီးရဲ့ပြုစုပျိုးထောင်မှုကိုလည်းအပြည့်အဝခံယူခဲ့ရပါတယ်။ သူ အရွယ်ရောက်လာတဲ့အခါမှာတော့ ရဲအရာရှိတစ်ဦးဖြစ်လာခဲ့ပြီး တောင်တန်းကင်းလှည့်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ဒီလိုမျိုးတွေကြောင့် ဇာတိမြေကို ချစ်စိတ်တွေဟာ ပိုင်ကျွီရဲ့ရင်ထဲ ကိန်းအောင်းလာခဲ့ပါတော့တယ်။ ဒါပေမဲ့ မွေးရပ်မြေကို အပိုင်ကြံချင်သူတွေရောက်လာချိန်မှာတော့ပိုင်ကျွီတစ်ယောက် ချစ်ရတဲ့ဒေသကို ဘယ်လိုကာကွယ်သွားမလဲသူ့မိဘအရင်းတွေကရော ဒီကိစ္စနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို အသေအချာကြည့်ချင်ရင်တော့ ဒီစီးရီးလေးကို မဖြစ်မနေအားပေးသင့်ပါပြီ ပြိတ်သတ်ရေ...!