လူတစ်ယောက်က သူ့ရဲ့ကောင်းမှုတွေကို ဆုလာဘ်တစ်ခုနဲ့ လဲလှယ်ခွင့်ရမယ်ဆိုရင် ကံကြမ္မာအချိုးအကွေ့တစ်ခု ဖြစ်လာနိုင်မလားတဲ့ဂျိန်းဆိုတဲ့ကောင်မလေးအတွက်တော့ သိပ်မသေချာပါဘူး။အိပ်မက်ထဲက ကိုယ်ပိုင်မုန့်ဆိုင်လေးဖွင့်ချင်နေပေမဲ့ အဘက်ဘက်က ကြပ်တည်းနေတဲ့အပြင် မိသားစုထဲပါ အပယ်ခံဖြစ်နေတဲ့ ကံဆိုးမလေးဂျိန်းတစ်ယောက် လပ်ကီးပွိုင့်အက်ပလီကေးရှင်းကနေ သူ့ရဲ့ကောင်းမှုပွိုင့်လေးတွေနဲ့ ဆုတစ်ခုနဲ့လဲဖို့ ကြံစည်ပါတော့တယ်။သူဆုတောင်းဖို့ မရည်ရွယ်ပေမဲ့ ဂျိန်းတစ်ယောက် ဇီးဆိုတဲ့နတ်သားလေးကို ၃ လတာငှားဖို့ ပွိုင့်နဲ့လဲမိရက်သား ဖြစ်သွားပါတယ်။ခက်တာက ဇီးကနတ်သားတွေထဲမှာ ဈေးအပေါဆုံး လျှော့ဈေးတန်းကရွေးကျန်နတ်သားလေးဖြစ်နေပြီး ဘာဆိုဘာမှ မလုပ်တတ်မကိုင်တတ် အစွမ်းရယ်လို့လည်း ဘာမှမရှိတဲ့ဘုရားစူးနတ်သားလေးဖြစ်နေတဲ့အခါမှာတော့…အလွဲလွဲအချော်ချော်နဲ့ ဂျိန်းနဲ့ဇီးတို့ ဘယ်လိုနှစ်ပါးသွားကြမလဲ ရှုစားကြပါဦး။