(Ongoing Series)ယဲ့လင်စွမ်းနဲ့ ချီဟိုင်ရွေတိုဟာ ယဲ့ပေပြည်ရဲ့မြက်ခင်းလွင်ပြင်မှာ အတူတူကြီးပြင်းခဲ့ကြပြီး မျိုးနွယ်စုကလူတွေရဲ့ ပစ်ပယ်မှုကိုခံနေရတဲ့ ယဲ့လင်စွမ်းအပေါ်မှာ ယဲ့ပေရဲ့မင်းသမီး(၇) ဖြစ်တဲ့ ချီဟိုင်ရွေကတော့ အမြဲဖေးမကူညီပေးခဲ့ပါတယ် အဲ့ဒါကြောင့်လည်း လင်စွမ်းတစ်ယောက် မင်းသမီးအပေါ်မှာ တစ်သက်လုံး သစ္စာခံသွားမယ်လို ဆုံးဖြတ်ထားခဲ့ပါတယ်….. ယဲ့ပေကို သိမ်းပိုက်ချင်တဲ့ တချောင်ပြည်ရဲ့ ဧကရာဇ်ကောင်း ယွိရှိးမင်ကတော့ ထိမ်းမြားလက်ထပ်ပွဲကို ငြင်းပယ်မှာ သေချာနေတဲ့ ချီဟိုင်ရွေကို တောင်းရမ်းခဲ့ပါတယ် ဘာလိုဒီလိုလုပ်ရတာလဲဆိုရင် နှစ်ပြည်စစ်ဖြစ်ပွားတော့မှ ယဲ့ပေကို သိမ်းပိုက်နိုင်မှာမိုလိုပါပဲ…. တိုင်းပြည်နဲ့ ပြည်သူတွေကို ဒုက္ခမရောက်စေချင်တဲ့ မင်းသမီးလေးရဲ့ ဆုံးဖြတ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားခြင်းပဲဖြစ်ပါတယ်…