Willow FHD

Willow

(Ongoing Series)1988 မှာတုန်းက Star Wars ယူနီ‌ဗာ့စ်ရဲ့ဖခင်ကြီး George Lucas ရဲ့ဇာတ်လမ်းကို Ron Howard ကရိုက်ပြီး မှော် Fantasy ယူနီဗာ့စ်တစ်ခုအ‌နေနဲ့ Willow ဆိုပြီး ရိုက်ခဲ့ပါတယ်။ Warwick Davis, Val Kilmer နဲ့ Joanne Whalley တို့လို Cast အလန်းတွေကိုသုံးပြီးကို ရိုက်ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းဟာ အများကြီးလာဖို့ရှိသေးပေမဲ့ ကလေးလေးမွေးပြီးစမှာတင် ဘာမှဆက်မဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။ လူးကတ်စ်ကလည်း ဒီဇာတ်လမ်းကို ဆက်အသက်သွင်းချင်ပါတယ်။  ဒီလိုနဲ့ အဲဒီအစီအစဉ်ဟာ တကယ်ဖြစ်လာပြီး Willow ဇာတ်လမ်းတွဲ အသက်ဝင်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ မူလကားကနေ တိုက်ရိုက်ဆက်ထားပြီး မူလဇာတ်ညွှန်းဆရာ ပရိုဂျူဆာ သရုပ်ဆောင်အများစု ပြန်ပါလာခဲ့ပါတယ်။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ကြတာပါပဲ။ Creators တွေအနေနဲ့ကတော့ မူလဒါရိုက်တာ Ron Howard နဲ့ Jonathan Kasdan, George Lucas တို့ဖြစ်ပြီး ဇာတ်ညွှန်းဆရာတွေကတော့ Jonathan Kasdan, Wendy Mericle, George Lucas, Bob Dolman, John Bickerstaff တို့တွေပါ။