Kim Jae Wook နဲ့ Krystal Jung တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ “Crazy Love” ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်… Noh Go Jin – ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ နာမည်အကြီးဆုံး သင်္ချာနည်းပြဖြစ်ပြီး GOTOP Education ရဲ့ စီအီးအိုတစ်ယောက်လည်း ဖြစ်တဲ့သူပါ။ အထက်တန်းအဆင့်ပညာရေးပဲ ရှိတာတောင်မှ သူ့ရဲ့ထက်မြက်သာလွန်တဲ့ဉာဏ်ရည်ကြောင့် အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့သူပေါ့…ချောမောတဲ့ရုပ်ရည်၊ မြင့်မားတဲ့ IQ နဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် ပြီးပြည့်စုံတဲ့သူလို့ပြောလို့ရပါတယ်… တစ်ရက် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ကြုံလာရပြီးနောက်မှာတော့ အတိတ်မေ့ချင်ယောင်ဆောင်ပြီး အဲဒီလူကို လိုက်ရှာပါတော့တယ်…