In the Mud ကတော့ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ စပိန်စကားပြော Crime / Drama Series တစ်ခုဖြစ်ပါတယ်။တော်တော်လေးကြည့်လို့ကောင်းတယ်လို့ပြောရမယ့် Series တစ်ခုဖြစ်ပါတယ်။ အဆဲအဆို၊ သွေးထွက်သံယို၊ အဖော်အချွတ်အခန်းများတာမလို့ မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ။ဇာတ်ညွှန်းအာဂျင်တီးနားမှာ Las Embarradas လို့နာမည်ရတဲ့ အမျိုးသမီးထောင်ရှိတယ်။ထောင်ထဲမှာ သူခိုး၊ ဂျပိုး၊ လူသတ်သမား အစုံရှိတယ်။ အမျိုးသမီး ၅ ယောက်ဟာ ဒီထောင်ထဲကို အကြောင်းအမျိုးမျိုးကြောင့်ရောက်လာခဲ့ရတယ်။ ထောင်ထဲမှာက သူတို့ အဖွဲ့နဲ့သူတို့ အကုန်လုံးက အဆင်ပြေနေကြတယ်။ မကောင်းတာပေါင်းစုံလုပ်တဲ့ ထောင်ဆိုရင်လည်းမမှားပါဘူး။ ဒါပေမဲ့ ထောင်ထဲမှာ သူတို့ ၅ ယောက်လုံးကို ကြည့်မရတဲ့လူတွေရှိတယ်။ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။