သမိုင်းနောက်ခံအချစ်ဇာတ်လမ်းအမိုက်စားလေးတွေကို မျှော်လင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို စိတ်ဝင်စားဖွယ်ဖော်ညွှန်းထားတဲ့ ဂျိုဆွန်းခေတ်နောက်ခံဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရက်သေစာရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ ကာလကြီးမှာ အောင်မြင်မှုအတွက် ယန်ဟန်းမြို့တော်ကိုတက်လာပြီး တရားရေးဌာနမှာအလုပ်လုပ်နေသူ အထောက်တော်လေး Nam Young အကြွေးတွေကိုဆပ်ဖို့အတွက် အရက်ပုန်းရောင်းရုံသာမက ရရာအလုပ်နဲ့ မိသားစုကိုရှာကျွေးနေရတဲ့ကောင်မလေး Kang Ro Seo နဲ့ အရက်သေစာသောက်စားမှုတားမြစ်ထားပေမယ့် စည်းမျဥ်းတွေကိုဂရုမစိုက်ဘဲ နန်းတော်အပြင်ကိုခိုးခိုးထွက်ပြီး သောက်စားနေတတ်တဲ့ ပြဿနာအိုးမင်းသားလေး Lee Pyo ကိုယ်လိုချင်တာကိုရအောင်ယူတတ်တဲ့ မျိုးရိုးမြင့်မိသားစုရဲ့ သခင်မလေး Han Ae jin တို့လေးဦး ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။