Terminator: The Sarah Connor Chronicles FHD

Terminator: The Sarah Connor Chronicles

Sci-Fi & Fantasy FHD 2008-01-13 7.479

John နဲ့ Sarah တို့နှစ်ယောက် ၁၉၉၅ ခုနှစ်နှောင်းပိုင်းမှာ Cyberdyne ကို နှိမ်နှင်းနိုင်ခဲ့တယ် (Judgement Day)  သူတို့ကတော့Judgement Day မရှိတော့ဘူးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကနောက်ကိုဆုတ်သွားတာ။  Skynet က လုံးဝ မပျက်စီးသေးဘူး။ နည်းနည်းလေးနောက်ကျသွားတာပဲရှိတာ။  ၁၉၉၉ ခုနှစ်မှာ ၂ လနေတစ်မြို့လောက်John နဲ့ Sarah တို့ပြောင်းပြေးနေခဲ့ရတယ်။ Sarah က စိတ်ကျန်းမာရေးဆေးရုံကနေထွက်ပြေးလာတဲ့လူဆိုတော့ ရဲတွေမျက်စိကျနေတဲ့လူတစ်ယောက်။ သူ့သား John ကိုလည်း သတ်ဖို့ဆိုပြီး Terminator တစ်ကောင်ကိုအနာဂတ်ကနေလွှတ်လိုက်ပြန်တယ်။  ဒါပေမဲ့ John ကိုကာကွယ်ဖို့ Cameron ဆိုတဲ့ ဆက်စီစက်ရုပ်မလေးတစ်ယောက်ကလည်း ရောက်လာပြန်တယ်။ ဒါပေမဲ့ ဒီ Series က ၁၉၉၉ မှာ ဇာတ်အိမ်တည်ထားတာမဟုတ်ဘူး။ သူတို့ အချိန်ကူးပြီး ၂၀၀၇ ကိုရောက်သွားတယ်။ ၂၀၀၇ မှာ ဇာတ်အိမ်တည်ထားတာ။ Judgement Day ကလည်း Dat တစ်ခုအသစ်ဖြစ်သွားပြီ။ Skynet ကလည်းသူတို့မထင်ထားတဲ့လူတွေက တီထွင်နေကြပြီ။ Terminator တွေကလည်းတစ်ကောင်ပြီးတစ်ကောင်ကိုရောက်လာတယ်။  ဒီလိုနဲ့ Sarah  John နဲ့ Cameron တို့သုံးယောက်ဘယ်လိုမျိုး Skynet ကိုတားဆီးဖို့ကြိုးစားသွားမလဲဆိုတာကိုကြည့်လိုက်ကြရအောင်လား။Sarah Connor အဖြစ် “သံပုလ္လင်” ဇာတ်လမ်းတွဲက အကိုချစ်ဆာဆီလန်နစ်စတာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey  က သရုပ်ဆောင်ထားတာမလို့ အလှအပတွေ၊ အကြွအရွတွေကို တဝကြီးခံစားရင်း ကြည့်လို့ရဦးမှာပါ။ခံစားကြည့်လိုက်ကြပါ။