Echoes of Love 枕红妆 FHD

Echoes of Love 枕红妆

Drama Romance FHD 2026-02-25 8.3

ထူးဆန်းလှတဲ့ပြုတ်ကျမှုတစ်ခုဖြစ်ပွားပြီးနောက် ခေတ်သစ်ကမ္ဘာမှ မိန်းမလှလေး စုန့်ကျီယွမ်ဟာ စုန့်မင်းဆက်ခေတ်က နာမည်ကျော် ကချေသည်မလေး လျိုရူယန်အဖြစ်ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒါပေမဲ့ ဟွမ်ယွဲ့ဆောင်ကြာမြိုင်က ကချေသည်လေးတွေ တစ်ယောက်ပြီးတစ်ယောက်စတင်ပျောက်ဆုံးလာတာမို့  ရူယန်တစ်ယောက် တိတ်တဆိတ်စုံစမ်းစစ်ဆေးရင်း ပါးနပ်ဖျတ်လတ်တဲ့ မှူးမတ်မျိုးနွယ်စုဝင်သခင်ငယ်လေးတစ်ဦးနဲ့ ကံကြမ္မာအရ ဆုံတွေ့ခဲ့ရပါတယ်။ သတိပြန်လည်လာလာချင်းအခြားကမ္ဘာတစ်ခုကိုရောက်နေတဲ့အပြင် ထူးဆန်းတဲ့အမှုပါဖြစ်နေတာမို့ ရူယန်ဟာ မယုံနိုင်စွာနဲ့ ကမ္ဘာကူးလာတာကိုလက်ခံရင်း ဆုံတွေ့ခဲ့တဲ့သခင်ငယ်လေးနဲ့ အင်အားချင်းပူးပေါင်းကာအန္တရာယ်များလွန်းတဲ့လုပ်ကြံမှုအစီအစဉ်ကြီးတစ်ခုကိုဖော်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်။ဒါပေမဲ့ လောကဓံကပေးလာတဲ့ဂယက်အဖုံဖုံ၊ လှည့်ကွက်အစုံစုံကြား သခင်လေးကို ချစ်မိသွားချိန်မှာတော့ကမ္ဘာကူးပြောင်းလာတဲ့မိန်းမလှလေးတစ်ယောက် နှလုံးသားရေးရာကိုရော ဖြေရှင်းနိုင်မှာလား?အချိန်တန်ရင် အရင်ကမ္ဘာကို ပြန်သွားရမှာလား?သခင်လေးကရော ရူယန်ကို ဘာလို့ကူညီနေတာလဲ? ဒီလိုမျိုး plot twist တွေနဲ့အတူ ချိုလွှလွှချစ်တေးတစ်ပုဒ်ကိုပါ နားဆင်ကြည့်ရှုခံစားချင်ရင်တော့ ဒီစီးရီးက must watch ပါပဲနော်။