Boyfriend on Demand 월간남친 FHD

Boyfriend on Demand 월간남친

Comedy Drama Sci-Fi & Fantasy FHD 2026-03-06 9.3

ဆောမီရယ်ဟာ Webtoon ပီဒီတစ်ယောက်ဖြစ်ပြီး သူ့ခမျာ နေ့မအား ညမအား အလုပ်ချိန်ဇယားတွေနဲ့ ပြည့်နှက်နေသလို အလုပ်ချိန်အပြီးမှာလည်း တစ်ကိုယ်တည်း အနားယူပြီး ကုန်ဆုံးနေတတ်သူဖြစ်တဲ့အလျောက် သူမဘဝမှာ ချစ်သူကောင်လေးအပထား အီစီကလီ ရင်ခုန် စိတ်လှုပ်ရှားမှုဆိုတဲ့ ခံစားချက်နဲ့တောင် အလှမ်းဝးနေသူပါ။တစ်နေ့မှာတော့ သူမဆီကို device တစ်ခုရောက်ရှိလာခဲ့ပြီး အဲဒီ device ကတစ်ဆင့်virtual world ထဲမှာ ပြီးပြည့်စုံတဲ့ အမျိုးသားတွေနဲ့ ရိုမန့်စ် အခိုက်အတန့်ကို ခံစားလိုက်ရချိန် သူမရဲ့ကွယ်ဝှက်နေတဲ့ အချစ်ဆဲလ်တွေဟာ နိုးထလာခဲ့ပါတော့တယ်။ တစ်ဖက်မှာ အလားတူ Webtoon ပီဒီဖြစ်တဲ့ ဘတ်ဂယောင်းနမ်ကတော့ လုပ်ရည်ကိုင်ရည်တော်ပေမဲ့ အများနဲ့မတူ ကွဲထွက်နေတဲ့ လူဂွစာဖြစ်တဲ့အတွက် မီရယ်ဟာ ဂယောင်းနမ်နဲ့ အလုပ်တွဲလုပ်ရတိုင်း စိတ်မသက်မသာခံစားရပါတယ်။ သို့သော်လည်း မီရယ်တစ်ယောက် အချစ်ဆဲလ်တွေ ပွင့်ထွက်လာချိန်မှာ ဂယောင်းနမ်နဲ့ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာကြမလဲ… တင်းမာနေတဲ့ ကြိုးလေးတွေက ဘယ်လိုလှိမ်ယှက်သွားမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးမို့ ပရိသတ်ကြီးတို့ အတူတူခံစားကြည့်ရှုလိုက်ရအောင်နော်။