ရှင်းအီရန်း (Yoo Yeon Seok) ဟာ သူ့ပုံပန်းသွင်ပြင်နှင့် မလိုက်မဖက် ကပျက်ကချော်နိုင်တဲ့သူဖြစ်တဲ့အပြင် သရဲတစ္ဆေတွေကို မြင်နေရတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး ဟာနာယွန်း (Esom) ကတော့ ပြင်းထန်လှတဲ့ အနိုင်လိုချင်စိတ်ကြောင့် သူမရဲ့ နယ်ပယ်မှာ အမှုပေါင်းများစွာ အနိုင်ရထားတဲ့ ထိပ်တန်းရှေ့နေတစ်ဦးဖြစ်ပါတယ်။ သရဲတွေကို မြင်နေတဲ့ ရှေ့နေ ရှင်းအီရန်းနဲ့ ထိပ်တန်းရှေ့နေ ဟာနာယွန်းတို့ ၂ ယောက် ပူးပေါင်းပြီး အထူးအမှုသည်ဖြစ်တဲ့ သရဲတစ္ဆေတွေအတွက် အမှုလိုက်ပေးဖို့ ဖြစ်လာတဲ့အခါမှာတော့...ပုံမှန် အမှုသည်တွေ မဟုတ်တဲ့ သူတို့ရဲ့ ထူးခြားတဲ့ အမှုသည်တွေအတွက် အမှန်တရားနဲ့ တရားမျှတမှုတွေကို ဥပဒေဘောင်အတွင်းကနေ ဘယ်လိုများ ဖြေရှင်းပေးသွားမလဲဆိုတာကို ဒီ Phantom Lawyer ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးမှာ အပတ်စဥ် သောကြာ၊ စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။