အမှုစစ် ဘန်ထယ်ဆော့ (Ju Jihoon) ဟာ သူ့ရဲ့ ရပ်တန့်နေခဲ့တဲ့ လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်နိုင်ဖို့အတွက် .. ဆိုးလ်မြို့တော်ဝန်နဲ့ WR လုပ်ငန်းစုအကြီးအကဲဖြစ်သူ အီယန်းမီတို့ရဲ့အကျင့်ပျက်ချစားမှုဆိုင်ရာ ပတ်သက်မှုကို ဖော်ထုတ်ပြီး မြို့တော်ဝန်ကို ဖြုတ်ချမယ်ဆိုတဲ့ မဟာအကြံအစည်ကြီးကို ကြံစည်နေခဲ့ပါတယ်.. ဒီအကြံအစည်အတွက်ပဲ ဟွမ်ဂျောင်ဝန်း (Nana) ကို သတင်းပေးအဖြစ် လုပ်ခိုင်းကာ ..အီယန်းမီနဲ့ ရန်ငြှိုးရှိတဲ့ WR လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဂွန်ဂျောင်အု (Oh Jung Se) ကို စည်းရုံးပြီး သူ့ဘက်ပါလာအောင် လုပ်ပါတော့တယ်... ဒါပေမဲ့လည်း မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတစ်ခုက ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ ထယ်ဆော့ချစ်ရတဲ့ ဇနီးဖြစ်သူ မင်းသမီးဟောင်း ချူဆန်းအာ (Ha Jiwon) မှ သူ့ကို တစ်ခုခုဖုံးကွယ်ထားကြောင်း သိလိုက်ရပြီး သူ မျှော်မှန်းထားတာတွေထက် ပိုမိုရှုပ်ထွေးတဲ့အခြေအနေထဲ ရောက်ရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့ ..ယုံကြည်မှုဆိုတာ အားနည်းချက်တစ်ခုဖြစ်သွားတဲ့အခါ... တကယ့်ကစားပွဲက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ အရှုပ်အထွေးတွေကြားထဲမှာ ထယ်ဆော့တစ်ယောက် သူလိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မလား ဒါမှမဟုတ် အနီးကပ်ဆုံးလူကပဲ သူ့ကို ချောက်ထဲတွန်းပို့သွားမလားဆိုတာ.....။