ဇာတ်လမ်းက ရေချယ် (Rachel) နဲ့ နစ်ကီ (Nicky) ဆိုတဲ့ စုံတွဲလေး မင်္ဂလာဆောင်ဖို့ ၅ ရက်အလိုကနေ စထားတယ်။ သူတို့နှစ်ယောက်က မိသားစုဝင်တွေလောက်ပဲ ဖိတ်ပြီး သီးသန့်လေးမင်္ဂလာဆောင်ချင်တာဆိုတော့ နစ်ကီ့မိသားစုပိုင်တဲ့ တောထဲက နှင်းတောထဲက အပန်းဖြေအိမ်ကြီးဆီကို ကားမောင်းသွားကြတာပေါ့။ ဒါပေမဲ့ လမ်းမှာတင် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေ စကြုံရတော့တာပဲ။နစ်ကီ့ မိသားစုအိမ်ကြီးကို ရောက်သွားတော့လည်း သူတို့မိသားစုက တော်တော်လေးကို ကြောင်တောင်တောင်နိုင်ပြီး ထူးဆန်းနေပြန်ရော။ အိမ်ကြီးထဲမှာ ကြက်သီးထစရာ ပန်းချီကားကြီးတွေ၊ထူးဆန်းတဲ့ အယူအဆတွေ၊ နောက်ပြီး သွေးတွေနဲ့ ရေးထားတဲ့ "သူ့ကို လက်မထပ်နဲ့" ဆိုတဲ့ စာလိပ်တွေပါ ရေချယ် တစ်ယောက် တွေ့လာရတယ်။ မင်္ဂလာပွဲရက် နီးလာတာနဲ့အမျှ ရေချယ်တစ်ယောက် "ငါ တကယ်ပဲ လူရွေးမှန်ရဲ့လား"၊ "ဒီမိသားစုထဲကို ဝင်ဖို့ တကယ်ပဲ အဆင်သင့်ဖြစ်ပြီလား" ဆိုတဲ့ သံသယတွေ၊ ထိတ်လန့်စရာ မိသားစုလျှို့ဝှက်ချက်တွေနဲ့ ကြုံတွေ့လာရတဲ့အခါ ကားနာမည်အတိုင်း တကယ်ပဲ ဆိုးရွားတဲ့ကိစ္စတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ရုတ်တရက် လန့်သွားအောင် (Jumpscare) လုပ်တာမျိုးတွေထက် စိတ်ထဲမှာ တဖြည်းဖြည်း ကြောက်လာအောင်၊ ခြောက်ခြားလာအောင် ဆွဲခေါ်သွားတဲ့ တင်ဆက်ပုံမျိုးပါ။ မထင်မှတ်ထားတဲ့ဇာတ်ကွက်တွေ: ရိုးရိုးရှင်းရှင်း မင်္ဂလာဆောင် ဇာတ်လမ်းမဟုတ်ဘဲ သွေးထွက်သံယို ဖြစ်ရပ်တွေ၊ ကျိန်စာတွေ၊ Supernatural (သဘာဝလွန်) အငွေ့အသက်တွေနဲ့ ထိတ်လန့်စရာတွေကိုသေသေချာချာ ရောမွှေထားတယ်။ခေါင်းဆောင်မင်းသမီး Camila Morrone နဲ့ မင်းသား Adam DiMarco တို့ရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ဝင်ပြီး ကြောက်စရာကောင်းပါတယ်။ လက်လွတ်မခံဘဲကြည့်လိုက်ကြပါဦး။