Little Demon FHD

Little Demon

Comedy Animation FHD 2022-08-25 7.933

အခုတင်ဆက်ပေးလိုက်တဲ့ series လေးကတော့ ဒီနှစ်ထဲထွက် ထားပြီး rating လဲမြင့်သလို့ ကြမ်းလည်းကြမ်းပါတယ်။ Adult aminated sitcom ဖြစ်တာနဲ့အညီ စကားလုံးတွေကလည်း အတော်ကိုကြမ်းသလိုသွေးထွက်သံယိုအခန်းတွေ များစွာပါတဲ့ အတွက်ကလေးသူငယ်များအတွက်မသင့်တော်ပါဘူး။ အင်အားနည်းလာတဲ့စေတန်ဟာ ငရဲပြည်ကနေနှင်ထုတ်ခံရပြီးနောက်ပိုင်းမှာ ပြန်လည်အုပ်စိုးနိုင်‌ဖို့ အတွက် သမ္မာကျမ်းစာအရ ခရစ်တော်ပြိုင်ဖက်ကို မွေးဖွားဖို့အတွက် သူ့မျိုးစေ့တွေကိုစကြာဝဠာတစ်ခွင်လိုက်ချပါ‌တော့တယ်။ ဒီလိုနဲ့ နောက်ပိုင်း ကမ္ဘာမှာ ခရစ်တော်ပြိုင်ဖက်လို့ဆိုရလောက်တဲ့ စွမ်းအား ရှိတဲ့ little Demon ကို လော်ရာဖိုင်းဘတ်ခ်ျဆိုတဲ့အမျိုးသမီးက မွေးဖွားလိုက်ပါတယ်။ လော်ရာကကိုယ်တိုင်က စုန်းမတစ်ယောက်ဖြစ်တာမို့လို့ ကလေးကို တစ်ချိန်မှာ စေတန်ကလာခေါ်မှာသိတဲ့အတွက် တစ်မြို့ပြီးတစ်မြို့ ရှောင်တိမ်းရင်းနဲ့ မစ်ဒယ်လ်တောင်းမြို့ကိုရောက်လာတယ်။ ဆယ်သုံးနှစ် လောက်ရှောင်ပြေးလာပေမယ့်လည်း မိစ္ဆာစွမ်းအားကိုစေတန်ကအာရုံခံ မိပြီးသိရှိသွားတဲ့အတွက် သူ့ကလေးကိုပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။