Noona Is a Woman to Me 누난 내게 여자야 FHD

Noona Is a Woman to Me 누난 내게 여자야

Reality FHD 2025-10-27 9

"အချစ်မှာ အသက် ကန့်သတ်ချက် မရှိဘူး" ဆိုတဲ့အတိုင်း အရွယ်မလွန်ခင် ကိုယ်နဲ့လက်တွဲသွားနိုင်မယ့် ဘဝခရီးဖော်ရှာလိုကြတဲ့ မမတွေနဲ့ တည်ငြိမ်တဲ့ဘဝတစ်ခုတည်ဆောက်ချင်ကြတဲ့ မောင်လေးတွေကို ဆုံစည်းပေးမယ့် Dating Show လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်မှာ Hosts တွေအနေနဲ့ အချစ်ရေးရာမှာ ဆရာကြီးတွေဖြစ်တဲ့ နာမည်ကြီးမော်ဒယ် Han Hye Jin၊သရုပ်ဆောင် Hwang Woo Seul Hye၊ 2PM အဖွဲ့ဝင် Jang Wooyoung နဲ့ TXT အဖွဲ့ဝင် Choi Soobin တို့က ပါဝင်တင်ဆက်ထားပါတယ်။ ကိုရီးယားနိုင်ငံ နေရာဒေသအသီးသီးက ဘဝနောက်ခံ မတူညီကြတဲ့ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၅ ဦး စုစုပေါင်း ၁၀ ဦး ပါဝင်ထားတဲ့ ဒီရှိုးလေးကတော့ စုစုပေါင်း အပိုင်း ၁၂ ပိုင်း ပါဝင်ပြီး တစ်ပိုင်းစီမှာ မစ်ရှင်တစ်မျိုးစီနဲ့ မမနဲ့မောင်လေးတွေရဲ့ ရင်တွင်းခံစားချက်တွေ ပွင့်လန်းလာအောင် စီစဉ်ထားပါတယ်။ မမတွေကို ရင်ခုန်အောင်လုပ်မယ့် မောင်လေးတွေ အလှည့်နဲ့ မောင်လေးတွေရဲ့ ရိုးသားတဲ့ စိတ်ခံစားချက်တွေကို နည်းလမ်းအသွယ်သွယ်နဲ့ ဖော်ထုတ်ကြမယ့် မမတွေရဲ့ ဗျူဟာအထာတွေကို ရှုစားကြရမှာပါ။ ၉ ရက်တာ ဆုံစည်းကြရတဲ့အချိန်တိုအတွင်း ဘယ်သူတွေ ရင်ခုန်သံချင်း ထပ်တူကျသွားကြမလဲ...Hosts တွေရဲ့ သုံးသပ်ချက် အကြံပြုချက်တွေအပြင် မှန်းချက်နဲ့နှမ်းချက်မကိုက်တဲ့ အလွဲလေးများကို ပျော်ရွှင်စွာ ရင်ခုန်ရင်း ရှုစားလိုက်ကြရအောင်နော်။