Release that Witch 放开那个女巫 FHD

Release that Witch 放开那个女巫

ဇာတ်လမ်းအစမှာ ခေတ်သစ်ကမ္ဘာက အင်ဂျင်နီယာတစ်ယောက်ဟာ မတော်တဆဖြစ်ပြီး အလယ်ခေတ်လို နိုင်ငံတစ်ခုရှိတဲ့ အခြားကမ္ဘာထဲကို ပြန်လည်မွေးဖွားသလို ရောက်သွားပါတယ်။ သူရောက်သွားတဲ့ခန္ဓာကိုယ်ကတော့ မင်းသားတစ်ပါးဖြစ်တဲ့ ရိုလန်ဖြစ်ပြီး၊ နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည့်နှက်နေတဲ့ မီးလိုးရောင်ရဲတိုက် နိုင်ငံရဲ့ အစွန်အဖျားမြို့လေးကို စီမံခန့်ခွဲရမယ့်အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲ့ဒီကမ္ဘာမှာ “စုန်းမ” ဆိုတဲ့အမည်နဲ့ ခေါ်ကြတဲ့ မိန်းကလေးတွေကို လူတွေက ကြောက်ရွံ့ပြီး မကောင်းဆိုးဝါးတွေလို သတ်ဖြတ်ဖယ်ရှားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ ရိုလန် ကတော့ အခြားသူတွေလို မမြင်ပါဘူး။ သူ့ရဲ့ ခေတ်မီအသိပညာဗဟုသုတနဲ့ အင်ဂျင်နီယာအမြင်ကြောင့် စုန်းမတွေရဲ့စွမ်းအားတွေဟာ အန္တရာယ်မဟုတ်ဘဲ အကျိုးရှိစေမယ့်စွမ်းအင်တစ်မျိုးဖြစ်နိုင်တယ်လို့ ယုံကြည်လာပါတယ်။ အဲ့ဒါကြောင့် စုန်းမတွေကို သတ်ဖြတ်မယ့်အစား ကာကွယ်ပေးပြီး သူတို့ရဲ့စွမ်းအားတွေကို သိပ္ပံနဲ့ ပေါင်းစပ်အသုံးချဖို့စတင်ကြိုးစားလာပါတယ်။ ဒီလိုနဲ့ သေးငယ်တဲ့ နယ်စပ်မြို့လေးတစ်ခုဟာ တဖြည်းဖြည်း တိုးတက်လာပြီး နည်းပညာ၊ စီးပွားရေးနဲ့ စစ်အင်အားအပြင် လူမှုအမြင်တောင် ပြောင်းလဲလာတဲ့ မြို့တစ်မြို့အဖြစ် ပြောင်းလဲလာပါတော့တယ်။ဒီဇာတ်လမ်း ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်တွေတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်နဲ့ အကြောင်းပြချက်တွေကို သေချာပြထားတာပါပဲ။ စုန်းမတွေဟာအန္တရာယ်ဖြစ်တဲ့သူတွေမဟုတ်ဘဲ နားလည်ပေးရမယ့် လူသားတွေဖြစ်ကြောင်းကို ဇာတ်လမ်းတစ်လျှောက်မှာ ပြသထားပါတယ်။ ရိုလန်ရဲ့ အမြင်၊ သိပ္ပံနဲ့ စီမံခန့်ခွဲမှုအတွေးတွေကလည်းfantasy ဇာတ်လမ်းထဲမှာတောင် အတော်လေး လက်တွေ့ကျတဲ့ အရသာတစ်ခု ပေးနိုင်ပါတယ်။နိုင်ငံရေး အရှုပ်အထွေးတွေ၊ ဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်တွေနဲ့ စုန်းမတွေရဲ့ ဘဝပေး ဒရာမာတွေက ဇာတ်လမ်းကို ပိုပြီး လေးနက်စေပါတယ်။"အမှောင်ခေတ်ကို အဆုံးသတ်ဖို့အတွက် မှော်အတတ် မလိုဘူး၊ သိပ္ပံပညာနဲ့ လက်နက်ကောင်းကောင်းပဲ လိုတယ်"ဒါကြောင့် Release That Witch ဟာ မန္တန်စွမ်းအားတွေ၊ နိုင်ငံရေးအာဏာပွဲတွေ၊ နည်းပညာတိုးတက်မှုတွေကို တစ်ခါတည်း ပေါင်းစပ်ထားတဲ့ စိတ်လှုပ်ရှားစရာ fantasyဇာတ်လမ်းတစ်ခုဖြစ်ပြီး ကာတွန်း ကြိုက်သူတွေ၊ world-building ကြီးတဲ့ story တွေကြိုက်သူတွေအတွက်တော့ မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောပါရစေ။