နစ်ကီနဲ့မော်ဂန်က မောင်နှမပါ။ နစ်ကီက သင်းအုပ်ဆရာတစ်ယောက်ဖြစ်သလို ဂေးတစ်ယောက်လည်းဖြစ်တယ်။ ဂေးလို့ရတယ် ယောက်ျားယူလို့မရဘူး။ သင်းအုပ်ဆရာဖြစ်နေတော့လည်းခက်သား။ မော်ဂန်က “အမေလုပ်တာပြီးရင် အမေရိကန်မှာ ကျေးဇူးအတင်မခံရဆုံးမူကြိုဆရာမ” အလုပ်လုပ်နေတဲ့ ဆရာမတစ်ယောက်။သူတို့ရဲ့ ချစ်လှစွာသော အဘွားဆုံးတာနဲ့ ဇာတ်ကိုစဖွင့်ထားတယ်။ အဲဒီမှာ သူတို့ရဲ့ ချစ်မွေးမိခင်ကြီးက အဘွားအတွက်သွားလမ်းဖြောင့်အောင် အမှတ်တရပစ္စည်းဝယ်ခိုင်းလိုက်တယ်။ အဲဒီမှာ အဘွားရဲ့ယောကျ်ားပေးခဲ့တဲ့ စိန်ဆွဲကြိုးပါတယ်။ ဒါပေမဲ့ အဘွားက မှတ်ဉာဏ်လည်းမကောင်းတော့ ဘာနဲ့လုပ်ထားတာပေးပေး ကိစ္စမရှိပါဘူးလေဆိုပြီးလက်ဝတ်ရတနာအတုဆိုင်မှာ ဒီဆွဲကြိုးလေးရောင်းပါဆိုတော့ အလှပြဖို့သက်သက်ဆိုပြီး မရောင်းခဲ့ဘူး။ဆရာမကိုလာကြောလို့မရဘူး ဆရာမကပဲကြောမယ်ဆိုတဲ့ ထုံးနှလုံးကိုမူပြီးမော်ဂန်က ဆွဲကြိုးကို အလစ်သုတ်လာခဲ့တယ်။ အဲဒီမှာ သူတို့မသိလိုက်တာက ဒီဆွဲကြိုးရဲ့ မှန်နန်းရာဇဝင်ဟာကြီးမားတယ်ဆိုတာပါပဲ။ အဲဒီမှာ ဆွဲကြိုးအခိုးခံရတာကိုသိလိုက်ရတဲ့တူရကီလိုလို၊ ရုရှားလိုလို ဆိုင်ရှင်က သူတို့နှစ်ယောက်နောက်ကိုလိုက်ပါတော့တယ်။ ဘာတွေဘယ်လိုဆက်လွဲမှာလဲဆိုတာကို စခွီထရင်းကြည့်လိုက်ကြရအောင်။