M29 ဆိုတဲ့ ဂြိုဟ်သားလေးဟာ စူးစမ်းလေ့လာရေးလုပ်ရင်း ယာဉ်ချို့ယွင်းကာ ထိုင်းနိုင်ငံရှိ ကျေးရွာတစ်ရွာဆီ ပျက်ကျလာခဲ့ပါတော့တယ်။ သူယာဉ်ပြင်နေတဲ့အချိန်မှာတော့ ရွာသားတွေမရိပ်မိအောင် အိုက်ဒယ် ဆိုတဲ့ ရွာသားအဖြစ် ဟန်ဆောင်နေထိုင်ခဲ့ရပါတယ်။လူတွေကြား ရောနှောနေထိုင်ရင်း အိုက်ဒယ်ရဲ့ ဇနီး စိုင်ဖင်မ်နှင့် ချစ်မိသွားပြီး လူသားတစ်ဦးရဲ့ ခံစားချက်နဲ့ ဘဝအဓိပ္ပါယ်ကို နားလည်လာပါတော့တယ်။ကမ္ဘာမြေကနေ ထွက်ခွာရမဲ့နေ့ နီးလာတဲ့အခါမှာတော့ M29 လေးဟာ ကိုယ့်ဂြိုဟ်ဆီ ပြန်သွားမလား ချစ်ရသူနဲ့ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းမလားဆိုတဲ့ ဆုံးဖြတ်ချက်ကြီးကိုရင်ဆိုင်ရပါတော့တယ်။နောက်ဆုံးမှာ M29 ဘာရွေးချယ်မလဲဆိုတာတော့ "အချစ်ရှိရာ မိုင်ပေါင်းကုဋေ" မှာ ဆက်လက်ကြည့်လိုက်ကြရအောင်