Witch's Romance 마녀의 연애 FHD

Witch's Romance 마녀의 연애

Comedy Romance FHD 2014-04-14 7.7

ဘန်ဂျီယွန်း (Uhm Jung-Hwa) ကတော့ အသက် ၃၉ နှစ်အရွယ် ထက်မြက်တဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး အတိတ်က မင်္ဂလာပွဲပျက်ခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် အချစ်ကို ကျောခိုင်းထားသူပါ။အလုပ်အပေါ် အလွန်အကျွံ စိတ်အားထက်သန်လွန်းတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေကြား သူ့ကို ခေါ်လေ့ရှိတဲ့ နာမည်ပြောင်ကတော့ "စုန်းမ"ပါတဲ့....တစ်နေ့မှာ ဂျီယွန်းရဲ့ဘဝထဲကို အချိန်ပိုင်းအလုပ်မျိုးစုံ လုပ်ကိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ယွန်းဒုံဟာ (Park Seo-Jun) ဆိုသူက ဝင်ရောက်လာပါတော့တယ်။ဒုံဟာက အပြင်ပန်းမှာ အမြဲ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်လို့ ထင်ရပေမဲ့လည်း တကယ်တမ်းမှာက မတော်တဆမှုကြောင့် ချစ်သူဆုံးပါးသွားခဲ့ရတဲ့ နာကျင်စရာအတိတ်ကို ပိုက်ထွေးထားရသူပါ။အသက် ၁၄ နှစ် ကွာခြားတဲ့ သူတို့နှစ်ဦးကြား မထင်မှတ်ထားတဲ့ သံယောဇဉ်တွေ တစ်စတစ်စအမြစ်တွယ်လာတဲ့အခါမှာတော့... အချစ်ဆိုတာ အချိန်အခါထက် လူရွေးမှန်ဖို့ပဲ လိုပါတယ်တဲ့...အတိတ်က နာကျင်မှုတွေကို အပြန်အလှန် ဖေးမကုစားပေးရင်း ဂျီယွန်းနဲ့ ဒုံဟာတို့က ဘယ်လိုမျိုး အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားကြမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။