“ဘရိတ်ပျက်နေတဲ့ trolley တစ်စီး သူ့လမ်းကြောင်းအတိုင်းဆက်သွားမယ်ဆိုရင် လူ ၅ ယောက်ကိုတိုက်မိပြီး အဲဒီလူ ၅ ယောက်သေမယ်။ မဟုတ်ဘဲ လမ်းကြောင်းပြောင်းလိုက်ရင် အဲဒီလမ်းကြောင်းမှာရှိနေတဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ပဲ သေမယ်။ လူ ၅ ယောက်နဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်မှာ အမေဘယ်သူ့ကိုရွေးမလဲ?” ပဟေဠိဆန်ဆန် ခေါင်းခြောက်ရတဲ့ melodrama မျိုးကိုမှကြိုက်နှစ်သက်လှပါတယ်ဆိုသူတွေကို trailer မှာတည်းက ဝေခွဲမရနိုင်စရာမေးခွန်းနဲ့စမိတ်ဆက်ပေးထားတဲ့ “Trolley”. ခင်ပွန်းဖြစ်သူ Joong Do က အမျိုးသားလွှတ်တော်အဖွဲဝင်နိုင်ငံရေးသမားတစ်ယောက် .. ပုံမှန်ဆို ဒီလိုရာထူးမျိုးနဲ့အမျိုးသားတွေရဲ့ဇနီးသည်တွေရဲ့နေထိုင်မှုပုံစံကတစ်မျိုးဆိုပေမယ့် Hye Ju ကတော့ စာအုပ်ပြုပြင်ရေးဆိုင်လေးဖွင့်ထားပြီး သာမန်ဘဝကိုသိုသိုသိပ်သိပ်ဖြတ်သန်းနေသူပါ။ ဒီလိုနဲ့တစ်နေ့မှာ သမီးဖြစ်သူပျောက်ဆုံးသွားပြီး တစ်သက်လုံးက နိုင်ငံရေးနဲ့ဆက်နွယ်မှုမရှိခဲ့တဲ့ လူထုရှေ့ကိုတောင်ထွက်လာခဲ့ခြင်းမရှိတဲ့ Hye Ju ရဲ့ ခင်ပွန်းသည်တောင်မသိထားတဲ့ “ဖုံးကွယ်ထားတဲ့လျှိဝှက်ချက်ကြီး” တစ်ခု လူထုရှေ့ကိုပွင့်အန်ထွက်လာတဲ့အခါ .. ။