Maa Ka Sum माँ का सम FHD

Maa Ka Sum माँ का सम

Comedy Drama FHD 2026-04-03 8.3

သင်္ချာပါရမီရှင်လေး အာဂတ်စ်တရာ ဟာ ပြဿနာတိုင်းမှာ အဖြေရှာဖို့ ပုံသေနည်းရှိတယ်လို့ ယုံကြည်ထားသူပါ။ အချစ်ရေးမှာတောင် ပုံသေနည်းရှိတယ်လို့ သူက ယူဆထားပါတယ်။သူက သူ့ရဲအမေအတွက် အကောင်းဆုံးလက်တွဲဖော်ကို ရှာဖွေပေးဖို့ ကြိုးစားတဲ့အခါသူတွက်ချက်ထားတဲ့ Algorithm တွေကြောင့် ရယ်မောပျော်ရွှင်စရာ အလွဲအချော်တွေ၊ ထိန်းမနိုင်သိမ်းမရခံစားချက်တွေနဲ့ မမျှော်လင့်ထားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ အဲဒါကတော့... တစ်ခါတလေမှာ အချစ်ဆိုတာ တွက်ချက်လို့မရဘဲ ခံစားကြည့်မှသာ သိနိုင်တဲ့အရာဖြစ်နေတယ်ဆိုတာပါပဲ။မိခင်တစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ လက်တွဲဖော်ကို ရှာဖွေပေးဖို့ ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်လာမယ့် သားဖြစ်သူနဲ့ မိခင်နဲ့သားကြားက သံယောဇဉ်ကိုပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စရာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ပေါင်းစပ်တင်ဆက်ထားတာမို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံး ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ခင်ဗျာ