FHD
Stranger Things: Tales from '85
ဇာတ်လမ်းကတော့ Eleven တစ်ယောက် Upside Down ကြီးကို ပိတ်လိုက်ပြီး တစ်လအကြာမှာ စတင်ထားတာပါ။ ဂိတ်ပေါက်ကြီး ပိတ်သွားပြီဆိုတော့ ဟော့ကင်း (Hawkins) မြို့လေးကအေးချမ်းသွားပြီ ထင်စရာရှိပေမယ့် တကယ်တမ်းကျတော့ မြို့ထဲမှာ Upside Down က အမှုန်တွေ ကျန်ရစ်နေခဲ့ပါတယ်။ အဲဒီအမှုန်တွေကနေတစ်ဆင့် အပင်တွေ၊ ရွှေဖရုံသီးတွေနဲ့ဆီးနှင်းတွေဆီကို ကူးစက်သွားပြီး ဘီလူးကောင် အသစ်တွေ ထပ်မံ ပေါက်ဖွားလာပါတော့တယ်။ဒီတော့ ကလေးတစ်သိုက် အနေနဲ့ ကျောင်းတက်၊ ဆီးနှင်းတွေထဲ ဆော့ကစားရင်း သာမန်ဘဝကို ဖြတ်သန်းဖို့ ကြိုးစားနေရင်းကနေ အသစ်ပေါ်လာတဲ့ အကောင်တွေကို ဘယ်လို ထပ်ပြီးရင်ဆိုင် ဖြေရှင်းကြမလဲ ဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားပါတယ်။ဒီစီးရီးက ၈၀ ပြည့်လွန်နှစ်တွေက စနေနေ့ မနက်ခင်းတွေမှာ ပြလေ့ရှိတဲ့ ကာတွန်းကားလေးတွေရဲ့ အငွေ့အသက်မျိုး ရအောင် ဖန်တီးထားတာပါ။ Animation ပိုင်းမှာလည်း ခေတ်မီ CGI နဲ့ 2Dကို ပေါင်းစပ်ထားလို့ ရုပ်ထွက်က အရမ်းမိုက်ပါတယ်။ မူရင်း Stranger Things ရဲ့ ထိတ်လန့်စရာ အငွေ့အသက်တွေကို သိပ်မလျှော့ထားဘဲ မိသားစုတွေပါ အတူတူ ကြည့်လို့ရမယ့် ပေါ့ပေါ့ပါးပါးပုံစံမျိုးလေး ဖန်တီးထားတာမို့ Stranger Things ပရိသတ်တွေ အနေနဲ့ အလွမ်းပြေ သဘောကျမယ့် စီးရီးလေးပဲ ဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်း ပါဝင်ပါတယ်။