Fresh off the Sea in Calape FHD

Fresh off the Sea in Calape

Reality FHD 2026-04-15 7.3

စိတ်အေးချမ်းစေတဲ့ အငွေ့အသက်တွေနဲ့ Season နှစ်ခုထိ တင်ဆက်ပြသပြီးခဲ့တဲ့ Fresh off the Sea ဟာဆိုရင် season 3 မထွက်ခင် spin-off အနေနဲ့ Fresh off the Sea in Calape ဆိုပြီး ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက် Season မှာဆိုရင် အကြီးဆုံးအစ်မကြီး Yum Jung Ah၊ ဒုတိယအစ်မ Park Jun Myung တို့နဲ့အတူ အစ်မနှစ်ယောက်ရဲ့ ‌အရင်းနှီးဆုံးမောင်လေးဖြစ်ခဲ့တဲ့ Dexရယ်၊ ရှေ့ Season တုန်းက Guestအနေနဲ့ လာရောက်ခဲ့ဖူးတဲ့ Kim Hye Yoon ကလည်း အငယ်ဆုံးလေးအဖြစ် ပါဝင်သွားမှာပဲဖြစ်ပါတယ်။Fresh Off အဖွဲ့သားတွေဟာဆိုရင် မြစိမ်းရောင်ပင်လယ်တွေ၊ သန့်ရှင်းစင်ကြယ်တဲ့ သဘာဝတရားနဲ့ စိမ်းလန်းစိုပြည်တဲ့ အပူပိုင်းမိုးသစ်တောတွေ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုကို ဦးတည်ရင်း ပထမဆုံးပြည်ပခရီးစဉ်ကို ထွက်ခွာကြမှာပါ။ မောင်နှမ ၄ယောက် အပေးအယူမျှမျှနဲ့ မစ်ရှင်တွေလုပ်ဆောင်ရင်း ခရီးစဉ်တစ်လျှောက် ဘာတွေကြုံတွေ့ရမလဲဆိုတာကို လိုက်ပါကြည့်ရှုနိုင်မှာပဲ ဖြစ်ပြီး ဒေသန္တရဗဟုသုတတွေနဲ့ စိတ်အေးချမ်းမှုတွေကို ယူဆောင်လာပေးဦးမဲ့ Fresh off the Sea လေးကို အားလုံးစိတ်အပန်းပြေစေဖို့ တင်ဆက်ပေးလိုက်ပါတယ်‌နော်။