ဆောရင်း အထက်တန်းကျောင်းက ကျောင်းသားတွေဟာ "ဂီရီဂို" ဆိုတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ App တစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ App ဟာ အသုံးပြုသူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ အလဲအထပ်အနေနဲ့ သေရမယ်ဆိုတဲ့ ကျိန်စာပါ ရှိတာကြောင့် ကျောင်းသားအများစုဟာ ရုတ်တရက် သေဆုံးသွားရတာတွေ ရှိနေပါတယ်။ဒီလိုနဲ့ပဲ ကျောင်းတွင်း track and field အဖွဲ့က အလားအလာရှိတဲ့ အားကစားသမား Yoo Se-Ah၊လှပတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ Im Na-Ri ၊ Yoo Se-Ah နဲ့ တိတ်တခိုးတွဲနေကြတဲ့ Kim Gun-Woo၊ ဥာဏ်ကောင်းတဲ့ Kang Ha-Joon နဲ့ ပြဿနာအိုး Hyeong-Wook တို့ သူငယ်ချင်းတစ်စုဟာ ဒီ App ကိုသံသယရှိနေပြီး သေရမယ်ဆိုတဲ့ကျိန်စာကနေ လွတ်မြောက်အောင် ကြိုးပမ်းရင်း App နဲ့ ဆက်နွယ်နေတဲ့ ကြောက်စရာကောင်းလှတဲ့ အမှန်တရားကို သိလာရတဲ့အခါမှာတော့.....သူတို့တွေ သေခြင်းတရားကနေ လွတ်မြောက်သွားနိုင်မလား...ဆုတောင်းတစ်ခုက ကိုယ့်အသက်ကို စတေးရလောက်အောင် ထိုက်တန်ရဲ့လား....ဆိုတာကို ဒီနေ့မှာပဲ Netflix ကနေ အစအဆုံး ထုတ်လွှင့်သွားမဲ့ ဒီကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါ။