Fulfill รักเติมเต็ม FHD

Fulfill รักเติมเต็ม

Comedy Drama FHD 2026-04-24 8.3

အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ ပြည့်စုံတာလား... ဒါမှမဟုတ် မိသားစုလေးတစ်ခု ဖြစ်လာမှ ပိုပြီးပြည့်စုံသွားတာလား... ဒီမေးခွန်းလေးကို အဖြေပေးမဲ့ Oom နဲ့ Bam တို့ရဲ့ Chemistry မိမိ ထိုင်း GL Drama ကားသစ်လေး လာပါပြီ။Oom-Bam CP ကတော့ CH3 ရဲ့ fourth GL CP ဖြစ်ပြီးတော့ ဇာတ်ကားသစ်မိတ်ဆက်ကတည်းကပရိသတ်တွေရဲ့ တော်တော်လေး စိတ်ဝင်စားတာခံနေရတဲ့ CP သစ်လေးဆိုရင်လည်း မမှားပါဘူး။တက္ကသိုလ်တက်ကတည်းက ရည်းစားတွေဖြစ်ခဲ့တဲ့ ပါဖန်းနဲ့ အိုင်အွန်းတို့ဟာသက်ဆုံးတိုင် လက်တွဲဖော်တွေ ဖြစ်လာတဲ့အထိ အချစ်တွေ ခိုင်မာခဲ့ကြတယ်။သူတို့နှစ်ယောက်ရဲ့ ဆန္ဒက သားသမီးလေးတွေနဲ့ မိသားစုဘဝလေးကို တည်ဆောက်ချင်တာပါ။ဒါပေမဲ့ သဘာဝတရားအရ ကိုယ်တိုင်မွေးဖွားဖို့ မဖြစ်နိုင်တော့ ကလေးမွေးစားဖို့ စဉ်းစားနေချိန်မှာပဲ သူငယ်ချင်းဖြစ်သူ နပ်နွန်း ရောက်လာပြီး သူတို့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် ကိစ္စတစ်ခု သယ်ဆောင်လာတဲ့အခါ…ရည်းစားဘဝနဲ့ လုံးဝကွာခြားတဲ့ အိမ်ထောင်တစ်ခု မိသားစုတစ်ခုကို တည်ဆောက်တဲ့အခါ မိဘနေရာကို ခံယူဖို့ ကြိုးစားရတဲ့ အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေနဲ့ ကြေကွဲရမှုတွေကို မေတ္တာတရားနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီကားလေးထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးစရာ ရှုစားရမှာဖြစ်လို့ အခုပဲ stay tuned ပါ။