ရှေးဟောင်းကမ္ဘာဦးကာလတုန်းက စစ်ဝိညာဉ်မျိုးနွယ်စုဟာ သူတို့ကိုထိန်းချုပ်ထားတဲ့အနှောင်အဖွဲ့ကို ဖောက်ဖျက်ခဲ့ကြတဲ့အတွက် နတ်ဘုရားတွေရဲ့အပြစ်ပေးမှုကို ခံခဲ့ရပြီး စွမ်းအားတွေကိုဆုံးရှုံးခဲ့ရပါတယ်။ ရှန့်ယင်ခေတ်ကိုရောက်တဲ့အခါမှာတော့ ကျင်းဝူမျိုးနွယ်စုရဲ့ခေါင်းဆောင် ကျင်းလင်က မဟုတ်မမှန်အမိန့်ထုတ်ပြီး စစ်ဝိညာဉ်မျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားခဲ့လို့သူတို့မျိုးနွယ်စုဟာ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရပြန်ပါတယ်။နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက်မှာတော့ စစ်ဝိညာဉ်မျိုးနွယ်စုရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့လုချန်းချောင်ဆိုတဲ့ကောင်လေး မွေးဖွားလာခဲ့ပါတယ်။ တစ်ဖက်မှာလဲ ထျန်းယွမ်ဂိုဏ်းကရှပ်တီးရှပ်ပြာတပည့်လေးဖြစ်သူ ရှင်းမိန်ဟာ မတော်တဆဆိုသလို လုချန်းချောင်နဲ့ ဝိညာဉ်စာချုပ်ချုပ်ဆိုမိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ကြမ္မာပါလာတဲ့အတိဒုက္ခ၆ ပါးကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း မျိုးနွယ်စုရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားကြပါတော့တယ်။ဒီဇာတ်လမ်းက High Fantasy အမျိုးအစားပီပီ မျိုးနွယ်စုတွေကြားက အားပြိုင်မှုတွေ တော်တော်လေးပါဝင်မှာပါ။ ကမ္ဘာဦးကတည်းက သတ်မှတ်ထားတဲ့ကံကြမ္မာဆိုးတွေကို သူတို့နှစ်ယောက်ဘယ်လိုရုန်းကန်မလဲဆိုတာကတော့ ဇာတ်လမ်းရဲ့သွေးကြောမို့ အသဲတယားယား ရင်တခုန်ခုန်နဲ့ကြည့်ရှုအားပေးလိုက်ကြပါအုံးနော်။