၁၉၉၇ ခုနှစ်၊ ယွမ်လုံလီက ဓာတ်လှေကားအဝမှာ သားအဖနှစ်ယောက်ဟာ စူးစမ်းမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့အမှုကိုလိုက်ဖို့အတွက် စုံထောက်နှစ်ယောက်ပေါင်းမိသွားကြပါတယ်။တစ်ယောက်ကတော့ အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့စဉ်းစားနေတဲ့ ဝါရင့်စုံထောက် ဟယ်ယွမ်ဟန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကောလိပ်ကနေ ခုမှကျောင်းဆင်းထားတဲ့စူးစမ်းလိုစိတ်အပြည့်နဲ့လူငယ်လေး ရန်ဖန်းရွှီပါ။ သူတို့နှစ်ယောက်ဟာ ဆေးဝါသုတ်ထားတဲ့ဂျစ်ကားအစုတ်လေးတစ်စီးနဲ့ လက်လုပ်မြေတူးစက်လေးတစ်ခုကို အားကိုးပြီး ဒီလျှို့ဝှက်ချက်ကိုစတင်တူးဖော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ လုံးဝမထင်မှတ်ထားတာကတော့ ဒီအမှုကို နက်နက်ရှိုင်းရှိုင်းတူးဆွမိလေလေ ထွက်ပေါ်လာတဲ့အမှန်တရားတွေက သူတို့နှစ်ဦးလုံးရဲ့ဘဝကိုပါရိုက်ခတ်လာလေလေဆိုတာပါပဲ။ဒီဇာတ်လမ်းက Thriller Mystery အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်နှစ်ယောက်ရဲ့ကွဲပြားတဲ့စရိုက်တွေကြောင့် ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပါ။ နောက်ပြီး အမှုကသူတို့ဘဝတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အချက်က ဇာတ်လမ်းရဲ့အကြီးမားဆုံးဆွဲဆောင်မှုမို့ စိတ်လှုပ်တရှား ရင်တခုန်ခုန်နဲ့ကြည့်ချင်ရင်တော့ ဒီစီးရီးလေးက must watch ပါပဲနော်။