Yoon Ji-Woo(Han So-Hee) က မူးယစ်ဆေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူ ရုတ်တရက်သေဆုံးသွားတဲ့အတွက် အသည်းအသန်လက်စားချေချင်နေတဲ့သူတစ်ယောက်ပါ… ဒီလိုလက်စားချေနိုင်ဖို့ Dongcheonpa ဆိုတဲ့မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Choi Moo-Jin(Park Hee-Soon)ရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ထဲကို သူလျှိုအနေနဲ့ဝင်ရောက်ပြီး ဖခင်ဖြစ်သူသေဆုံးမှုရဲ့နောက်ကွယ်က အကြောင်းရင်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်… Jeon Pil-Do(Ahn Bo-Hyun)ကတော့ မူးယစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Yoon Ji-Wooရဲ့ ပါတနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်…