Fireworks 焰火 FHD

Fireworks 焰火

Drama Sci-Fi & Fantasy FHD 2026-04-26 8.3

ချမ်းသာတဲ့မိသားစုက လိမ္မာရေးခြားရှိလှတဲ့ သမီးလေး ချောင်နျန်တစ်ယောက် အဆောက်အဦးပေါ်ကနေ ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ သူ့ဝိညာဉ်ဟာကျန်းကျယ်ချန်ဆိုတဲ့အမျိုးသားရဲ့ကိုယ်ထဲ ရောက်သွားပါတယ်။ပြဿနာက ချောင်နျန်ရဲ့ရုပ်အလောင်းက ပျောက်ဆုံးနေတာဖြစ်ပြီး (၇) ရက်အတွင်းမှာသာ ခန္ဓာကိုယ်ကိုပြန်မရှာနိုင်ရင် ချောင်နျန်ရဲ့ဝိညာဉ်ဟာ ထာဝရပျောက်ကွယ်သွားမှာပါ။ ဒါကြောင့်ကျန်းကျယ်ချန်ဟာ ချောင်နျန်ရဲ့ဝိညာဉ်လမ်းပြမှုနဲ့အတူ ခန္ဓာကိုယ်ကိုပြန်လည်ရရှိဖို့နဲ့ အသက်ကိုကယ်တင်ဖို့အတွက် အချိန်နဲ့အမျှ အပြေးအလွှားကြိုးစားရပါတော့တယ်။ သူတို့နှစ်ယောက်ဟာဒီခရီးစဉ်အတွင်းမှာ ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ဒီဇာတ်လမ်းက Supernatural Fantasy အမျိုးအစားဖြစ်ပြီး အချိန်နဲ့အမျှ ပြိုင်ဆိုင်ရတဲ့ပုံစံမို့လို့ တော်တော်လေးစွဲဆောင်မှုရှိပါတယ်။ ဒီတော့ ဘာကြောင့်ပြုတ်ကျသွားတာလဲ၊ ဘယ်သူကခန္ဓာကိုယ်ကို ဖျောက်ထားတာလဲဆိုတဲ့လျှို့ဝှက်ချက်တွေက ဇာတ်လမ်းရဲ့အဓိကသော့ချက်တွေမို့ စီးရီးရှည်ကြီးတွေကြည့်ရပျင်းရင် ဒီလိုစိတ်ဝင်စားစရာဇာတ်အိမ်နဲ့ Mini Series လေးကပြိတ်သတ်တို့ရဲ့အာရုံကို ဖမ်းစားနိုင်မှာ အသေချာပါပဲ။