The Epoch of Miyu 蜜语纪 FHD

The Epoch of Miyu 蜜语纪

Drama Family FHD 2026-04-13 9

၁၀ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာတင် ပြီးပြည့်စုံလှပါတယ်ဆိုတဲ့အိမ်ထောင်ရေးဟာ တကယ်တော့ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ရွှီမီယွီတစ်ယောက် သိလိုက်ရပါတယ်။ ဒါကြောင့်သူဟာ ပြတ်ပြတ်သားသားကွာရှင်းပြတ်စဲလိုက်ပြီး ဘဝကို အသစ်ကနေပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ မီယွီဟာ ပုရုန်ဟိုတယ်မှာ အခန်းဝန်ဆောင်မှုဝန်ထမ်းအဖြစ် အောက်ခြေကနေ စတင်အလုပ်ဝင်ခဲ့ရာမှာတော့ အဲဒီဟိုတယ်ရဲ့အထွေထွေမန်နေဂျာအဖြစ် ရောက်ရှိလာတဲ့ကျီဖုန်းနဲ့ဆုံတွေ့ခဲ့ရပါတယ်။ အလုပ်ခွင်ထဲက အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်ရာကနေ နှစ်ယောက်ကြားမှာ အချစ်စိတ်တွေတဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ ကိုယ်စီပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားကြသလို ကြိုးစားမှုတွေကြောင့် ဟိုတယ်ကလဲရှန်ဟိုင်းမြို့ရဲ့အထင်ကရနေရာတစ်ခုအဖြစ် ပြောင်းလဲအောင်မြင်သွားခဲ့လေတော့တယ်။ဒီစီးရီးလေးက ဟိုတယ်လုပ်ငန်းခွင်ထဲက ပြဿနာတွေကိုဖြေရှင်းရင်း မင်းသားနဲ့ သံယောဇဉ်ဖြစ်လာတာကလဲ ကြည့်ရတာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာမို့ C drama fanတွေအတွက် တစ်မျိုးဆန်းစေမဲ့ဇာတ်လမ်းလေးဖြစ်မှာ အသေအချာပါပဲ။