ဇာတ်လမ်းလေးကတော့ John Creasy ဆိုတဲ့ အထူးတပ်ဖွဲ့ဝင် ကြေးစားစစ်သားဟောင်းကြီး အကြောင်းပါ။ သူက အတိတ်က ကိစ္စတွေကြောင့် စိတ်ဒဏ်ရာ (PTSD) အပြင်းအထန် ရနေပြီးအရက်ကိုပဲ ဖက်တွယ်နေရတဲ့သူပေါ့။ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပြီး ဘဝသစ်စဖို့ ကြိုးစားနေတုန်းမှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ သမီးလေးကို သူ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးရမယ့် အခြေအနေဆီကို ရောက်သွားပြီး အရင်ကလို ကြမ်းတမ်းတဲ့ သွေးထွက်သံယိုလောကထဲကို ပြန်ဝင်လာရပါတော့တယ်။ဇာတ်လမ်းက ကြမ်းကြမ်းတမ်းတမ်း သေနတ်ပစ်ခန်းတွေ၊ အက်ရှင်ခန်းတွေ အများကြီး ပါဝင်တဲ့အပြင် ခံစားချက်ပိုင်းကိုပါ သေချာလေး ပုံဖော်ပေးထားတာမို့ Action Thriller ရောဇာတ်လမ်းကောင်းကောင်းရော ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေး ဖြစ်မှာ သေချာပါတယ်။