၂၁ နှစ်အရွယ်" အာရာန် " ဟာ သူ့ထက် နှစ်နှစ်ကြီးတဲ့ "လေနှေ့" နဲ့ ဆက်ဆံရေးကို အမြဲတမ်း မောင်နှမထက်ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ယုံကြည်နေခဲ့တာပါဒါပေမယ့် တစ်နေ့မှာတော့ သူမမျှော်လင့်ထားတဲ့ "လေနှေ့"ရဲ့ ငြင်းပယ်မှုကြောင့် သူ့ရဲ့ကမ္ဘာလေးပျက်စီးသွားခဲ့ရပါတယ်။ သူ့ရဲ့နာကျင်မှုတွေကို ကုစားဖို့အတွက် နိုင်ငံခြားကို သွားပြီးပညာဆက်လက်သင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်နေ့တော့ "လေနှေ့" ကို မေ့နိုင်မယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ဒါပေမယ့် တစ်နေ့မှာ နာမည်မပါဘဲ လက်ရေးစာနဲ့ ပါဆယ်ထုပ်လေးတစ်ခုကြောင့် သူ့ဘဝ ပြန်လည်လှုပ်ရှားလာခဲ့ရပါတယ်။အဲဒီလက်ရေးကို ချက်ချင်းသိခဲ့ပြီး အမှန်တရားကို ရှာဖွေဖို့ ထိုင်းနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်လိုက်ပေမဲ့ သူရောက်ရှိတဲ့အချိန်မှာ လေနှေ့ သေဆုံးသွားပြီဆိုတဲ့ မယုံနိုင်လောက်အောင်သတင်းဆိုးကို ကြားလိုက်ရပါတယ်။ဈာပနပွဲသို့ တက်ရောက်ရင်း မထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကို ကြားလိုက်ရတာက စကားဝိုင်းတစ်ခုကနေ "လေနှေ့" ရဲ့ သေဆုံးမှုဟာ မတော်တဆမဟုတ်ဘဲနီးစပ်သူတစ်ယောက်ကြောင့် ဖြစ်နိုင်ကြောင်း ပြောပြနေခဲ့တာပါ။ အချိန်တစ်ခုမှာ "အာရာန်" ပြန်နိုးထလာတဲ့အခါ လက်ထဲမှာတော့ ဈာပနမှ အနီရောင်ကြိုးလေးကို ကိုင်ထားရင်း သူကိုယ်တိုင်မယုံနိုင်တဲ့ ငါးနှစ်ကျော် အတိတ်ကို ပြန်လည်ရောက်ရှိနေတာပါပဲ။ဒီတစ်ကြိမ်မှာတော့ သူက အရာအားလုံးကို ပြောင်းလဲနိုင်မလား။ သူချစ်ရတဲ့ "လေနှေ့" ကို ကာကွယ်မယ့်သူဟာ သူမကိုယ်တိုင်ပဲ ဖြစ်နေမလားဆိုတာ........ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်