Alice in Borderland 今際の国のアリス FHD

Alice in Borderland 今際の国のアリス

ဂိမ်းချည်းပဲဆော့နေလို့အဆူခံရပြီး အိမ်ပေါ်ကဆင်းလာရတဲ့အချိန်မျိုး အလုပ်ပြုတ်လာတဲ့အချိန်မျိုး စိတ်ညစ်ညူးနေရတဲ့အချိန်မျိုးတွေမှာ လူတွေအကုန်မရှိတော့ဘဲ တစ်မြို့လုံးမှာ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေပဲ ကျန်တော့တယ်ဆိုရင် ပျော်မိမှာပဲ ဟုတ်တယ်မို့လား????? ဒါပေမယ့် အဲ့လိုကျန်နေခဲ့တာက အသက်နဲ့ရင်းပြီးဆော့ရတဲ့ဂိမ်းအတွက်ဆိုတာသိရင်တော့ ဆက်ပျော်နေနိုင်မှာမဟုတ်ပါဘူး ဒီဇာတ်လမ်းတွဲထဲမှာလည်း ဘူနေတဲ့သူငယ်ချင်းသုံးယောက်က အရက်သောက်ဖို့ အရက်ဆိုင်လိုက်ရှာနေရင်းက ဘုမသိဘမသိနဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဂိမ်းကို ဆော့လိုက်ရပါတယ် ဉာဏ်လေး ဆိုစလောက်ကောင်းပြီး တစ်ခေါက်လောက်နိုင်လိုက်ပေမယ့် သူတို့ရှေ့မှာတင် တစ်ယောက်ပြီးတစ်ယောက်သေကုန်တာကို တွေ့ရတဲ့အခါမှာ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲ?????