The Air เสน่หาวาโย FHD

The Air เสน่หาวาโย

အစ်မဖြစ်သူ ဒင်နဲ့ နမ်ကို ကြည့်ပြီး အချစ်စစ်ကိုပဲ ရှာတော့မယ့် player လေး လုံ(မ်)ဟာ တစ်နေ့မှာ ရုတ်တရက် အရေးပေါ်စစ်ဆင်ရေးရှိတယ်ဆိုပြီး အလယ်ပိုင်း ဌာနချုပ်ဆီပြန်ဆင့်ခေါ်ခံလိုက်ရပါတော့တယ်အကြောင်းအရင်းကတော့ မာဒယ်လင်နိုင်ငံမှာ မင်းသားလေးက ငယ်ရွယ်သေးတာကြောင့် အစ်မတော်ဖြစ်သူ ကတ်သရင်း ဘလူး ဒယ်လီနာကိုအရိုက်အရာခံအဖြစ် ခန့်အပ်လိုက်ပြီးသံတမန်ရေးရာ ချစ်ကြည်ရေးအနေနဲ့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မှာဖြစ်လို့ပါပဲလုံ(မ်)ကတော့ ထိုင်းနိုင်ငံကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် အနေနဲ့ မင်းသမီးဘလူးကို မှဲ့တစ်ပေါက်မစွန်းအောင် ကာကွယ်ပေးရမှာပဲ ဖြစ်ပါတယ်နိုင်ငံ ၂ ခုရဲ့ ချစ်ကြည်ရေးနဲ့ ပတ်သက်နေတာမို့ တာဝန်က ကြီးမားလှတဲ့အပြင် မာဒယ်လင်နိုင်ငံမှာ မင်းသားအစား မင်းသမီးကို နန်းတင်တာမို့ လုပ်ကြံဖို့ ပုန်ကန်မှုတွေ ဆူပူနေတာကြောင့် လုံ(မ်) အနေနဲ့ သတိထား ကာကွယ်ပေးရမယ့် အခြေအနေ တစ်ခုမှာ ရောက်နေပါတယ်တစ်ည ဟိုတယ်မှာ စောင့်ကြပ်ရင်း ထိုင်းနိုင်ငံက လုံခြုံရေးပေးစရာမလိုဘဲ မာဒယ်လင်တပ်စုက စောင့်ရှောက်မှာဖြစ်တာကြောင့် ပြန်ခါနီး ဟိုတယ်တစ်ပတ်ပတ်ကြည့်နေတဲ့ လုံ(မ်)တစ်ယောက် Mask တပ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို လူဆိုးတွေ လက်ထဲက ကယ်တင်လာခဲ့မိပါတယ်Mask ကို ဖြုတ်လိုက်ချိန်မှာ မင်းသမီး ဘလူးဖြစ်နေခဲ့တဲ့အခါမှာတော့.......ဟိုတယ်မှာ ခုနက တွေ့ခဲ့တဲ့ မင်းသမီးဘလူးက အတုအယောင်ဖြစ်နေခဲ့တာလားအတုဖြစ်ခဲ့ရင်ရော ရုပ်နဲ့ ဘိုးဘေးပိုင်နန်းဆက်ရတနာရှိနေခဲ့တဲ့အတွက် မင်းသမီးဘလူးအစစ်ကို ဘယ်လိုပြန်သက်သေပြပေးကြမလဲရန်သူတွေ ပုန်ကန်မှုတွေ လုပ်ကြံမှုတွေကြား ပြေးလွှားနေရင်း လုံ(မ်) တစ်ယောက် မိုးမြင့်ထက်မှာရှိတဲ့ ဘလူးကို ချစ်မိသွားချိန်မှာတော့ ဘာတွေဖြစ်လာမလဲဘလူးဘက်ကတော့ မင်းသမီးတစ်ယောက် ဘုရင်မလောင်းလျာတစ်ယောက်ရဲ့ တာဝန်တွေကို ပစ်ပယ်ပြီး စည်းကျော်နိုင်ပါ့မလားသတ်ဖြတ်ချင်နေတဲ့ ရန်သူတွေလက်ကနေ ထီးနန်းဆီပြန်ရောက်အောင် ဘလူးနဲ့ လုံ(မ်) တို့ ဘယ်လိုကြိုးစားသွားကြမလဲဆိုတာ“ချစ်ခြင်းဖွဲ လေညင်း” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်