တရုတ်သမ္မတနိုင်ငံခေတ်ဦးကာလတုန်းက နန်ယန်ဒေသမှာ ထူးဆန်းဆန်းပြားတဲ့ဖြစ်ရပ်ဆန်းတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့နှစ်ယောက်ဟာ စစ်ဗိုလ်ချုပ်တွေ နောက်ကွယ်ကနေကြံစည်နေကြတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို လိုက်လံဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီကြံစည်မှုကတော့ DuskGrass လို့ခေါ်တဲ့ အဆိပ်ပင်တစ်မျိုးကိုအသုံးချပြီး အာဏာလုဖို့ ကြိုးစားနေကြတာပါ။ စုံစမ်းရေးလမ်းကြောင်းတစ်လျှောက်မှာ အသက်အန္တရာယ်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့သဲလွန်စအားလုံးကို သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့သမျှအမှုမှန်သမျှဟာ နန်အန်းလို့ခေါ်တဲ့ ဧရာမပင်လယ်ကူးသင်္ဘောကြီးတစ်စင်းပေါ်မှာ ဆုံမှတ်လာတည့်နေတာကိုမထင်မှတ်ဘဲရှာဖွေတွေ့ရှိသွားပါတော့တယ်။ဒီဇာတ်လမ်းက Republic Era နဲ့ Adventure အမျိုးအစားဖြစ်ပြီး နာမည်ကျော် Daomu Biji (Tomb Raiders) Universe ထဲက Character တွေဖြစ်တဲ့ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့ရဲ့ဇာတ်ကြောင်းမို့လို့ တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါ့အပြင် သဲလွန်စအားလုံးက နန်အန်းသင်္ဘောကြီးပေါ်မှာ လာစုနေတာဆိုတော့သင်္ဘောကြီးပေါ်မှာ ဖြစ်ပျက်မဲ့အကွက်တွေကလည်း တကယ်ကို ရင်တထိတ်ထိတ်ဖြစ်စေမှာမို့ ကြည့်ကိုကြည့်ရမဲ့စီးရီးကောင်းပါပဲနော်။