ဒဏ္ဍာရီလာကိုးမြို့တော်ကြီးထဲမှာ အရှိန်အဝါညှိုးမှိန်သွားခဲ့တဲ့ မှူးမတ်မျိုးနွယ်စုဝင် အမျိုးသမီးလေးဖန့်ယွင်ဟာ လည်လည်ဝယ်ဝယ်ရှိပြီး ရည်မှန်းချက်ကြီးမားလှတဲ့ မြို့စားမင်းချီကျန်းနဲ့မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်ဘဲ သံသယမျက်လုံးတွေနဲ့စတင်ခဲ့ကြပေမဲ့ မာယာတွေ၊လျှို့ဝှက်ကြံစည်မှုတွေနဲ့သစ္စာဖောက်ဖျက်မှုတွေ ပြည့်နှက်နေတဲ့အာဏာလုပွဲကြီးထဲကို ဖြတ်သန်းရင်းနဲ့ သူတို့နှစ်ယောက်ဟာ မဟာမိတ်တွေအဖြစ် လက်တွဲဖြစ်သွားခဲ့ကြပါတော့တယ်။သူတို့နှစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက်တွေကိုစိန်ခေါ်လာမဲ့ ဘေးအန္တရာယ်မှန်သမျှကိုရင်ဆိုင်ရင်းနဲ့ အခက်အခဲတွေကြားထဲကနေ စစ်မှန်တဲ့ယုံကြည်မှု၊ ကူညီဖေးမတတ်မှုတွေနဲ့တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိသွားကြပါတယ်။မဟာမိတ်ကနေ ချစ်သူဖြစ်သွားတဲ့ဇာတ်အိမ်အပြင် အချစ်ရေးထက် တိုင်းပြည်အရေးကို လက်တွဲဖြေရှင်းရင်း တဖြည်းဖြည်းသံယောဇဉ်ဖြစ်သွားကြမဲ့ Slow-burn Romance မို့လို့ ဇာတ်အိမ်ကတော်တော်လေးကိုလေးနက်မှာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကြဲတွေမို့ ဒီကားလေးကိုလည်း လုံးဝလက်မလွှတ်သင့်ပါနော်။