Undercover Chef - Korea 언더커버 셰프 FHD

Undercover Chef - Korea 언더커버 셰프

Reality FHD 2026-05-21 8

ဒီတစ်ခေါက်မှာတော့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံကိုလည်း ငေးမောရှုစားနိုင်မှာဖြစ်သလို Undercover concept လေးနဲ့ ဆန်းဆန်းပြားပြား ရိုက်ကူးထားတဲ့ ဟင်းချက်ရှိုးလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမှာ တောင်ကိုးရီးယားရဲ့ ထိပ်တန်းစားဖိုမှူးကြီးတွေ ဖြစ်ကြတဲ့ Sam Kim, Jung Ji-Sun, Kwon Sung-Jun တို့ သုံးဦးက ကိုယ်ချက်ပြုတ်နေတဲ့ အချက်အပြုတ်ပညာရဲ့ မူလအစပြုရာ နိုင်ငံအသီးသီးက ဒေသခံစားသောက်ဆိုင်တွေမှာ အလုပ်သင်အနေနဲ့ လျှို့ဝှက်အသွင်ယူပြီး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ လုပ်သက်အတွေ့အကြုံ၊ နာမည်ဂုဏ်သတင်း အစရှိတာတွေ ဘာတစ်ခုမှ အသုံးမဝင်တော့ဘဲ ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းနဲ့သာ သက်သေပြရမဲ့ ဒီစိန်ခေါ်မှုမှာ စားဖိုမှူး သုံးဦးက ၅ ရက်အတွင်း အလုပ်သင်အဖြစ်ကနေ ခေါင်းဆောင်စားဖိုမှူးနေရာအထိ တက်လှမ်းနိုင်ပါ့မလား....နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်လက်ရာဟင်းလျာကို ဖန်တီးပြီး မီနူးထဲမှာ ထည့်သွင်းဖို့ကိုရော အောင်မြင်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်