ခေါက်ဆွဲကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ variety show အသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရှိုးလေးထဲမှာတော့ ပရိသတ်တွေ အကုန်ချစ်ကြတဲ့ MC ကြီး Yoo Jae Suk၊ မင်းသား Kim Nam Gil၊ Ju Ji Hoon နဲ့ Yoon Kyung Ho တို့ ညီအစ်ကို ၄ ယောက်က တစ်ရက်တာ Road Tripအတူထွက်ရင်း နာမည်ကြီး ခေါက်ဆွဲဆိုင်တွေကို လိုက်လံရှာဖွေကာ အရသာမျိုးစုံကို မြည်းစမ်းသွားကြမှာဖြစ်ပါတယ်။ကြီးကြီးမားမား Mission တွေမပါဘဲ အေးအေးလူလူ ခရီးထွက်ရင်း ညီအစ်ကို ၄ ယောက် အပြန်အလှန် စနောက်ရယ်မောပုံတွေ အမြင်နဲ့တင် အရသာရှိနေမဲ့ ခေါက်ဆွဲတွေကြောင့် ကြည့်ရင်းဗိုက်ဆာလာစေမယ့် Food Trip လေးလည်း ဖြစ်တာမို့ ရယ်မောရင်း ဘဝအမောတွေ ပြေလျော့စေမယ့် Healing Variety Show လေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ညွှန်းဆိုပေးလိုက်ပါတယ်။