Guilty Minds FHD

Guilty Minds

Drama Mystery FHD 2022-04-22 8

အိန္ဒိယပြည်သူတွေနဲ့ ရုပ်သံဌာနတွေ သတင်းစာမျက်နှာဖုံးတွေထက်မှာ သတင်းထူးကြီ:တက်လာတယ်…နာမည်ကြီးမင်းသမီးတစ်ဦးက ဒါရိုက်တာကြီးတစ်ဦးကို မုဒိမ်းမှုနဲ့တရားစွဲလိုက်တာပဲဖြစ်ပါတယ်… သိပ်လည်းလှတဲ့မင်းသမီးဖြစ်သလို ဖန်လည်းတောင့်တဲ့အတွက် သူမဘက်ကဝန်းရံတဲ့သူတွေလည်း အများအပြားပဲ… ဒီမှာပြဿနာကဘာလဲဆိုတော့ ရှေ့နေတွေဖြစ်တယ်… ရှုံးတဲ့သူဘက်က လိုက်တဲ့ရှေ့နေအဖွဲ့ဟာ နာမည်အကြီးအကျယ်ပျက်နိုင်သလို နိုင်တဲ့သူကျတော့ ကြေငြာစရာမလိုဘဲ နာမည်တက်မဲ့အနေအထားမျိုးပဲ… တစ်နိုင်ငံလုံးစိတ်ဝင်စားကြသလို တရားခွင်ဟာလည်း နားထောင်တဲ့သူတွေအများအပြားပါပဲ… ဒါ့ကြောင့် နာမည်ကျော်ရှေ့နေတွေဟာ ဒီအမှုအတွက် သတိကြီးကြီးနဲ့ချဉ်းကပ်ကြသလို ဂရုတစ်စိုက်နဲ့ပြင်ဆင်လာကြတယ်… အဲ့ဒီနောက်မှာတော့ တရားခွင်စစ်ရင်းစုံစမ်းရင်းနဲ့ မထင်မှတ်ထားတဲ့ပြဿနာတွေပါ ဆက်တိုက်ပေါ်လာတဲ့အခါမှာတော့….