Drug dealerတွေ Gangsတွေနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်၊ စီးရီးတိုင်း မပေါက်မြောက်တာ ရှားသလို Audienceတွေ အကြိုက်မတွေ့တဲ့ ဇာတ်ကားဆိုတာခပ်ရှားရှားပါ။ ဇာတ်လိုက်ဖြစ်သူ Tommy Eganဟာ နယူးယောက် Drug gang လောကတိုက်ပွဲမှာ သူငယ်ချင်းဖြစ်သူ Ghostကို ဆုံးရှုံးလိုက်ရပြီး Chicagoမြို့ကို ပြောင်းကာ Drugလောကထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ ပါတယ်။ Chicagoမြို့မှာလည်း CBI အဖွဲ့နဲ့ Flynn Family တို့က မြို့တောင်နဲ့မြောက်အဖြစ် နယ်မြေပိုင်းကာ တစ်စင်ထောင်လျက် ရှိနေသလို ဆားဘီးယား၊ ဂျမေကာနဲ့ အိုင်းရစ်ရှ်တွေကလည်း အဖွဲ့ ငယ်ကိုယ်စီနဲ့ ခြေချင်းလိမ်နေတာကြောင့် Tommyအနေနဲ့ဒီမြို့မှာ ဝင်ဆန့်ဖို့မလွယ်ဘဲ ဖြစ်နေပါတယ်။