Mousetrap 들쥐 FHD

Mousetrap 들쥐

Drama Mystery FHD 2026-08-28 5.6

“လူ့လက်သည်းခွံကို စားပြီး လူအသွင်ပြောင်းတတ်တဲ့ကြွက်” ကိုရီးယားရိုးရာပုံပြင်ကို အခြေခံထားတဲ့ Kakao ရဲ့ နာမည်ကြီး Webtoon Field Mouse ဟာဆိုရင် Netflix Mystery Thrillerဇာတ်လမ်းတွဲအဖြစ် ထွက်ရှိလာပါပြီ။ Voice 1 နဲ့ The Guest တို့ရဲ့ ဒါရိုက်တာ Kim Hong Sun နဲ့ Special Affairs Team TEN ဇာတ်ညွှန်းဆရာတို့ လက်တွဲဖန်တီးထားသလို မင်းသား Ryu Jun-yeol က ဘဝတစ်ခုလုံးအလုယူခံလိုက်ရတဲ့ စာရေးဆရာအဖြစ် ပါဝင်ထားပြီး ဝါရင့်မင်းသားကြီး Sul Kyung-gu က အကြွေးရှင် စုံထောက်အဖြစ် အားပြိုင်သရုပ်ဆောင်ထားတာမို့လို့ အစအဆုံး ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ လက်ရာကောင်းတစ်ခုပဲ  ဖြစ်ပါတယ်။ဇာတ်လမ်းလေးဟာဆိုရင် လူသူကင်းဝေးတဲ့ နေရာမှာ တစ်ကိုယ်တည်း အေးဆေးစာရေးရင်း နေထိုင်တတ်တဲ့ ဝတ္ထုရေးဆရာ ဂျယ်မွန်းဂျယ် (Ryu Jun-yeol) ဟာ မနက်ခင်းတစ်ခုမှာ သူ့ဖုန်းကိုလက်ဗွေရာနဲ့ ဖွင့်လို့မရတော့သလို ကိစ္စအဝဝကို စီမံပေးနေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းကပါ သဲလွန်စမကျန် ပျောက်ဆုံးသွားရာကနေ စတင်ပါတယ်။ ကိုယ်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြစရာ ဘာအထောက်အထားမှ မကျန်တော့တဲ့ မွန်းဂျယ်ဟာ "ကြွက် (The Rat)" လို့ အမည်ပေးထားတဲ့ လျှို့ဝှက်လူတစ်ယောက်ကသူ့နာမည်၊ သူ့ကိုယ်ပိုင်လက္ခဏာနဲ့ စည်းစိမ်ဥစ္စာအားလုံးကို အစားထိုး အပိုင်စီးသွားတာကို သိလိုက်ရချိန်မှာတော့ သူ့ဘဝကို ပြန်လည်ရယူဖို့ လိုက်လံစုံစမ်းပါတော့တယ်။တစ်ဖက်မှာလည်း အေးဆေးတည်ငြိမ်သလောက် အလွန်အန္တရာယ်များပြီး ငွေရရင် ဘာမဆိုလုပ်တတ်တဲ့ အကြွေးရှင် စုံထောက် နိုဂျာ (Sul Kyung-gu) ရှိနေပါတယ်။ သူ့ဆီက ငွေချေးပြီးပျောက်ကွယ်သွားတဲ့ မွန်းဂျယ်ကို ၃ နှစ်လုံးလုံး မရမက လိုက်ရှာနေခဲ့တဲ့ နိုဂျာဆီ မွန်းဂျယ် ကိုယ်တိုင်ရောက်လာပြီး အကူအညီတောင်းလာတဲ့အခါ...နိုဂျာဟာ သူ့ငွေတွေ ပြန်ရဖို့အတွက် မွန်းဂျယ်နဲ့ မဖြစ်မနေ လက်တွဲပြီး "ကြွက် (The Rat)” ဆိုတဲ့ အရိပ်ဆိုးကြီးနောက်ကို အတူတူ လိုက်လံဖမ်းဆီးကြပုံကို ကိုယ်တိုင်ကိုယ်ကျရှုစားကြည့်လိုက်ပါဦးနော်။