၁၉၈၀ ပြည့်လွန်နှစ် တွေရဲ့သာမန်မြို့ပြလေးတစ်ခုမှာတော့ မထင်မှတ်ထားတဲ့ကလေးချင်း မှားယွင်းလဲလှယ်ခံလိုက်ရမှုကြီးကြောင့် မိသားစုနှစ်စုရဲ့ကံကြမ္မာဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုကြမ္မာဖန်တဲ့ကလေးချင်းအလဲခံရမှုကြောင့် မွေးရာပါ Albinism ရောဂါရှိပေမဲ့ ရဲရင့်ထက်မြက်လှတဲ့ ချီရှစ်နဲ့ အရာရာမှာ စည်းကမ်းရှိပြီး ပြည့်ဝစုံလင်လွန်းသူလို့ လူတိုင်းကသတ်မှတ်ထားကြတဲ့ချောင်ရှင်းတို့ရဲ့ဘဝတွေဟာလည်း ကွာခြားကုန်ကြပါတယ်။ကလေးနှစ်ယောက်လုံးဟာ စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့လောကကြီးထဲမှာ ကိုယ့်အထောက်အထားအမှန်၊ မိသားစုသံယောဇဉ်နဲ့ စစ်မှန်တဲ့အချစ်တို့ကိုရှာဖွေရင်း ဘဝကိုကြံ့ကြံ့ခံရုန်းကန်ခဲ့ကြရပါတယ်။ မိဘတွေရော ကလေးတွေပါ ကိုယ်ပိုင်အခက်အခဲတွေအပြင် လူမှုအဖွဲ့အစည်းရဲ့စိစစ်စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ခဲ့ကြရပါတယ်အပြောင်းအလဲများပြားလှတဲ့ခေတ်ကာလကြီးထဲမှာ သူတို့အားလုံးဟာ အခက်အခဲပေါင်းစုံကို အတူတကွပူးပေါင်းကျော်ဖြတ်ရင်း နောက်ဆုံးမှာတော့ ကိုယ်ပိုင်ပျော်ရွှင်မှုနဲ့ နွေးထွေးမှုအမှန်ကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတော့တယ်။