The Ordinary Jackpot 로또 1등도 출근합니다 FHD

The Ordinary Jackpot 로또 1등도 출근합니다

Comedy Drama FHD 2026-09-10 5.2

"ထီ ပထမဆု ပေါက်သွားရင် အလုပ်ကနေ ချက်ချင်း ထွက်စာတင်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး သင်ရော တွေးဖူးပါသလား?"The Ordinary Jackpot" ဇာတ်လမ်းထဲက ကုမ္ပဏီဝန်ထမ်း ဂုံအွန်းထယ် (Lee Joon-hyuk) ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ ဝမ် ၁.၃ ဘီလီယံ ထီ ပထမဆုကြီးပေါက်သွားပေမဲ့ တစ်သက်လုံး အလုပ်ထွက်ပြီး ထိုင်စားဖို့ရာ နည်းနည်း မလုံလောက်သေးဘူးဆိုတဲ့ အတွေးနဲ့ ဘာမှမဖြစ်သလို ကုမ္ပဏီကို ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အရင်ကလို အလုပ်ပြုတ်မှာကြောက်ပြီး ဖိနှိပ်ခံရသမျှ ငြိမ်ခံနေမယ့် ဝန်ထမ်းအဖြစ်တော့ မဟုတ်တော့ပါဘူး။ သူ့နောက်မှာ "ဝမ် ၁.၃ ဘီလီယံ" ဆိုတဲ့ ဘဏ်စာရင်း ရှိနေပြီမို့လို့အထက်လူကြီးတွေကို မကြောက်မရွံ့ ပြန်စိန်ခေါ်ရင်း အလုပ်ခွင်ထဲမှာ လွတ်လွတ်လပ်လပ် သောင်းကျန်းပါတော့တယ်။ထီပေါက်ပြီး အလုပ်မထွက်ဘဲ "ပြုတ်ရင်လည်း မငတ်ဘူး" ဆိုတဲ့ စိတ်နဲ့ ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အရွဲ့တိုက် ရယ်စရာ ဇာတ်ကွက်တွေကို မင်းသား Lee Joon-hyuk အပြင် SeoHyun-woo, Oh Dae-hwan တို့လို မင်းသားကြီးတွေရဲ့ ဆန်းသစ်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ပေါ့ပေါ့ပါးပါး စိတ်ထွက်ပေါက်အဖြစ် ရှုစားကြရမှာဖြစ်ပါတယ်။ရုံးဝန်ထမ်းတိုင်း ရင်ထဲထိပြီး အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးဖြစ်တာမို့ ဒီ Office Comedy Drama လေးကို အပတ်စဥ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။