Against the Current 兰香如故 FHD

Against the Current 兰香如故

Drama Family FHD 2026-09-11 5.7

တစ်ချိန်က မြင့်မြတ်လှတဲ့နန်းတွင်းအမတ်ကြီးရဲ့မြေးမလေးဖြစ်ခဲ့သူ ရှန်ကျားလန်တစ်ယောက် မိသားစုတစ်စုလုံး ပုန်ကန်မှုနဲ့ မတရားစွပ်စွဲခံခဲ့ရပြီးနောက် သူ့ဘဝဟာလည်းစုံးစုံးမြှုပ်သွားခဲ့ရပါတယ်။ အဲဒီလိုဒုက္ခရောက်နေချိန်မှာပဲ သူနဲ့စေ့စပ်ထားသူ လင်ကျင်းချီဆီကပါ စွန့်ပစ်ခံခဲ့ရပြီး အဆုံးသတ်မှာတော့ လင်ကျင်းချီရဲ့စံအိမ်ထဲမှာအစေခံတစ်ယောက်ရဲ့အထောက်အထားအတုနဲ့ ခါးသီးစွာရှင်သန်ခဲ့ရရှာပါတယ်။ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံ ဘယ်လိုကြုံတွေ့ခဲ့ရပါစေ ရှန်ကျားလန်ဟာ ကံကြမ္မာဆိုးရှေ့မှာ ဒူးထောက်အရှုံးမပေးခဲ့ပါဘူး။ သူ့ရဲ့ကြံ့ခိုင်လှတဲ့စိတ်ဓာတ်နဲ့ ပါးနပ်ထက်မြက်တဲ့ဉာဏ်ပညာကိုအသုံးချပြီး အမျိုးဇာတ်ခွဲခြားမှုတံတိုင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ကိုစွန့်ပစ်ခဲ့ဖူးတဲ့ လင်ကျင်းချီရဲ့နှလုံးသားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလိုလင်မိသားစုတစ်စုလုံးရဲ့လေးစားမှုကိုပါ ရရှိခဲ့ကာ မိသားစုပေါ်ကျရောက်ခဲ့တဲ့ မတရားစွပ်စွဲချက်အမှိုက်တွေကိုရှင်းထုတ်ပြီး ဂုဏ်သိက္ခာကို အောင်မြင်စွာပြန်လည်ဆယ်ယူနိုင်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းက FML အသားပေးဆိုပေမဲ့ မိသားစုအတွက် သွေးကြွေးပြန်ဆပ်ခိုင်းတဲ့ဇာတ်ကွက်တွေက ကြည့်ရှုသူအပေါင်းကို ကျေနပ်အားရစေမှာအသေချာပါပဲနော်။